077:Devil Baby

865 181 4
                                    

Unicode

မီးက ကုတင်စွန်းမှာရှိနေတာဖြစ်ပြီး ဟဲကျင့်ကိုတွေ့တော့သူက စိတ်လှုပ်ရှားစွာဖြင့်

"လာကြည့်ပါဦး!"

ကလေးလေးက မျက်လုံးတွေကိုမှိတ်ထားပြီး
ခေါင်းက ဥခွံအမြှေးပါးကိုခွဲထွက်ဖို့ပြင်နေလေသည်။ နှစ်ယောက်လုံးက ဒါကဂိမ်းတစ်ခုပဲဆိုတာ မေ့လုနီးနီးပင် သူတို့သည် ဖေဖေမေမေအသစ်ကဲ့သို့ ဂရုတစိုက် ပြုမူနေခဲ့ကြသည်။

အားကျင့်:"ထွက်မလာသေးဘူးလား?အဲ့လိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ?"

မီး:"တစ်နာရီလောက်ရှိပြီ။မင်းမရှိရင် ငါမထိရဲဘူး။"

အားကျင့်သည်သတ္တိမွေးကာဥ၏အရေခွံကို ဖယ်ရှားရန် ရှေ့သို့ တိုးသွားခဲ့သည်။ ၎င်းကိုထိလိုက်သောအခါတွင် အမြှေးပါးသည် ကလေး၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အဝတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ရုတ်​တရက်​ က​လေးမျက်​လုံးပွင့်​လာသည်​ကို သူမြင်​ လိုက်​ရတယ်!

ဟဲကျင့် အံ့အားသင့်သွားကာ မီးနှင့်အတူ အသက်ရှအောင့်၍ နိုးလာသော ကလေးငယ်ကို နှစ်ယောက် သား စိုက်ကြည့်နေကြသည်။ ကလေးက နီရဲနေတဲ့မျက်လုံးများကိုခတ်လိုက်ပြီး ခေါင်းကိုဆန့်ကာ အားကျင့်ရဲ့လက်ဖဝါးကိုထိလိုက်သည်။ သူရဲဲ့အနက် ရောင် ဆံပင်တိုတိုသည် ငှက်မွေးများကဲ့သို့ ခံစားရသည်။ ထိုအချိန်တွင်ဟဲကျင့်သည် ပျော့ပျောင်းသွား သူ အရူးလေးလိုပြုံးနေလိုက်သည်။

မီးသည်လည်းထိုအတိုင်းပင်။သာမန်အားဖြင့် အေးစက်ပြီးတည် ငြိမ်တဲ့ချင်ယွီဘယ်ပျောက်သွားလဲနော်

နိုးထလာတဲ့ကလေးက အိမ်မွေးတိရစ္ဆာန်လေးတွေလို လူသားကလေးရဲ့ ထက်ဝက်လောက် အရွယ် ကြီးလေး၏။ သူရုတ်တရက်ထရပ်လိုက်ပြီး အားကျင့် နဲ့ မီး တို့ကိုအသီးသီး ကြည့်လိုက်ရာ သူ့မျက် လုံးများက အလွန်ကြီးနေပြီး သူ့မျက်နှာတစ်ဝက် လောက်ကို သိမ်းပိုက်လုနီးပါး ဖြစ်နေသည်။ ချိုတွေမပါရင်သူက ချစ်စရာကောင်းတဲ့ အရုပ်တစ်ရုပ် လိုပါပဲ။

ကလေးက လှည့်လိုက်တော့ သူတို့နှစ်ယောက်သားဟာ ကလေးမှာချစ်ဖို့ကောင်းတဲ့အနက်ရောင် အတောင်ပံလေးတွေပါတာကိုတွေ့လိုက်ရတယ်!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now