107:အသင်းကိုမိတ်ဆက်ခြင်း

820 148 1
                                    

Unicode

မီး: "နှစ်နှစ်လောက်ကြာသွားတာတောင်ငါတစ် ယောက်ထည်းအထီးကျန်နေရတုန်းပဲ လူတွေကငါ့ကိုမနှစ်သက်ခဲ့ကြဘူး အဲ့ဒါက ငါ Demon God ဂိမ်းစဆော့ပြီး ဂိမ်းထဲမှာ မင်းနဲ့မတွေ့ခင်ထိပဲ"

ဒါကိုကြားတော့ ဟဲကျင့် အံ့ဩသွားရသည်။ မီး ထံမှ ရင်ဖွင့်သည့်စာတိုကို လက်ခံရရှိခဲ့ရသည့်ညကကဲ့သို့ပင် နောက်ထပ်ပို့လာမည့်စာကို စောင့်မျှော်နေလျက်ပေါ့

မီး  "မင်းက ဂိမ်းထဲမှာ ငါပထမဆုံးရခဲ့တဲ့သူငယ်ချင်းပဲ"

တကယ်တော့ ချင်ယွီတောင်မှ ထိုခံစားချက်ကို နားမလည်ခဲ့ပါ။ နတ်သမီးလေးကျင့် ဟာ သူ့အတွက် အမှောင်ဆုံးအချိန်တွေမှာ ပေါ်လာတဲ့ အလင်းတန်းတစ်ခုလိုပါပင်။

ချင်ယွီ က လက်တွေ့မှာထက် သူ့ကိုယ်သူ အင်တာနက်မှာ ပိုပြီးပွင့်ပွင့်လင်းလင်းပြောနိုင်ကြောင်းသိခဲ့ရသည်။သူတို့ကဂိမ်းကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ပိုသိခဲ့ကြသည်။ အားကျင့်် ၏ ထူးချွန်မှုနှင့် ဉာဏ်ပညာသည် သူ့အပေါ် အပြုသဘောဆောင်သည့် လွှမ်းမိုးမှုရှိပြီး သူရဲ့သည်းခံမှုနှင့်နူးညံ့မှုတို့က သူ့ကို နွေးထွေးမှုပေးလေသည်...

မီး: " တစ်ချိန်က ငါတို့စာလေ့လာတာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြသေးတယ်လေ။စာလေ့လာတာက မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ တစ်ခုတည်းသောနည်းလမ်းလို့ မင်းပြောခဲ့တယ်။ လေ့လာမှသာလျှင် ငါတို့လိုချင်တဲ့ဘဝနဲ့ နေထိုင်နိုင်ပြီး တကယ့် လူဖြစ်ရကျိုးနပ်တယ်ဆိုပြီးလေ မင်းမှတ်မိသေးလား ?"

အခြားမည်သူမဆို ထိုကဲ့သို့အတူတူပင်ပြောနိုင် သော်လည်း ဟဲကျင့်ပြောလိုက်သော ထိုစကားများသည်တော့ ချင်ယွီရဲ့ရင်ထဲတွင်စွဲမြဲသွားစေခဲ့သည်။

ဟဲကျင့်က သူအဲဒီလိုပြောခဲ့တာကို ကလေးဆန်တယ်လို့ခံစားရပြီးတော့ မေ့သွားတာကြာပြီပင်။ တကယ်တော့ သူအခုမှနားလည်ခဲ့တာက တက္ကသိုလ်ဝင်ခွင့်ရပြီးတောင်မှ လူတစ်ယောက်ကသူလိုချင်တဲ့ဘဝမျိုးကိုရဖို့ဆိုတာမဖြစ်နိုင်ချေ။ပြီးတော့လည်း အသက်ကြီးလာတာနဲ့အမျှ နာကျင်ရတဲ့ အခိုက် အတန့်တွေလည်းများခဲ့ပါ၏။ပြီးတော့လက်တွေ့ဘဝမှာ အကူညီမဲ့ပြီး စိုးရိမ်ပူပန်ရတဲ့အခိုက်အတန့်တွေလည်းရှိပါသေးသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now