006:စကားပြောကြရအောင်

1.3K 215 2
                                    

Unicode

ဟဲကျင့် ၏ စိတ်သည် အလွန်ရှုပ်ထွေးနေ၏။ ထိုအဆင့်စာရင်းများကိုမြင်ပြီးနောက် သူဘာကြောင့်ဒီလိုခံစားရသည်ကို မသိသော်လည်း မီး သည် ယခုအချိန်တွင် သူ့အတွက် အလွန်ပင် နားမလည်နိုင်လောက်အောင် မြင့်မား နေသည်ဟု ခံစားရသည်။

အင်အားကြီး သူကို ကိုးကွယ်ခြင်းသည် လူသားဗီဇဖြစ်သည်။ အထူးသဖြင့် အခြားသူများပင် ပြန်ပြီး မတိုက်ခိုက်နိုင် လောက် အောင် အင်အားကြီးတဲ့အခါမျိုးတွင်ဖြစ်သည်။ ဤ အလွန် အင်အားကြီးတဲ့ နတ်ဘုရားများ သည် လူများ၏ စိတ်နှလုံးထဲတွင် အမြဲတမ်းအံ့ဖွယ် ဖြစ်စေသည်။

သို့သော်လည်း အဲဒီအင်အားကြီးသူတွေကို ဆက်ဆံပုံဟာ လူအမျိုးအမျိုး နည်းလမ်း အမျိုးမျိုး ရှိလေ၏။ တစ်ချို့လူတွေက ဒူးထောက်ချင်ကြပြီး တချို့ကျတော့လည်း ခြေထောက် ယပ်ကာ  ပေါင်ဖက် ထားချင်ကြသည်။

တစ်ချို့လူတွေက သူတို့ရဲ့ခံစားချက်တွေကို ဝန်ခံဖို့ တွန့်ဆုတ်နေတတ်သလို တချို့ကျတော့လည်း မနာလိုစိတ်တွေ ပြည့်နှက်နေကာ ပြန်တိုက်ခိုက်ဖို့ ကြံနေလိမ့်မည်။...

အေးစက်သော စရိုက်ရှိသည့် ဟဲကျင့်  သည် ခါတိုင်းထက် အနည်းငယ်ပို၍ စကားပြောချင်သည်မှာ ထင်ရှားသည်။

သို့သော်လည်း သူသည် ဂိမ်း အတွင်း လှည့်လည်နေသူ မဟုတ်သည့်အတွက်  အလွန်အမင်း ရူးသွပ်နေမည်မဟုတ်ပေ။ စန္ဒယားမတီးတတ်တဲ့သူတွေက Bach ရဲ့ အံ့ဖွယ်ေတးသွားတွေကို နားမလည်သလို ပန်းချီမဆွဲတတ်တဲ့သူတွေကတော့ Van Gogh ရဲ့ ပန်းချီကားကောင်းတွေဆိုတာလည်း မသိနိုင်ဘူးလေ။
သူ့မှာလည်း အဲဒီလို အမြင်မျိုး မရှိရုံသာပင်။

လောလောဆယ်တွင်တော့ ဟဲကျင့်သည် သိချင်တာတွေ အများကြီးရှိနေလေသည်။နှလုံးသားမဲ့ မီး ရဲ့ နာမည်ကို ထိပ်တန်းကစားသမားစာရင်းမှာ ပထမဆုံးတွေ့လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ အတွေ့အကြုံတွေ သူ့နယ်ပယ်ရဲ့ နက်နဲမှုတွေ အခု သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး သူဘာတွေတွေးနေလဲဆိုတာတွေ ကို သိချင်နေမိတော့သည်။

သိချင်စိတ်ကို သူ မမျိုသိပ် နိုင်တော့ပဲ သူ့မေးခွန်းများကို မီး ဆီသို့ အမြန်ပို့လိုက်တော့၏။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now