004:ပထမအဆင့်ဆရာကြီး

1.4K 223 6
                                    

Uicode

ဟဲကျင့် သည် သူ့ဇာတ်ကောင်၏ တိရိစ္ဆာန်ပုံသဏ္ဍာန် ခန္ဓာကိုယ်ကို တစ်စက္ကန့်လောက် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် "Spirit " အနေဖြင့် "သေဆုံးပြီးသည်နှင့် သူ၏ မူလပုံစံသို့ ပြန်ဖြစ်သွားလိမ့်မည်" ဟု ပြောထားသည်ကိုသတိရသွားတော့သည်။

ပြီးတော့ သူအမြဲတမ်း အမှတ်1650 ထိ ထိခိုက်မူ ခံရသည့်အကြောင်းရင်းကို လည်းအခုမှပင်နားလည်တော့သည်။ ဘာလို့လဲဆိုတော့ သူ့သွေးစုစုပေါင်းအမှတ်က 1650 မလို့!!! (=_=)

သေချာတာပေါ့  နှလုံးသားမဲ့ မီး က သူ့ကို တဖန်ပြန်လည်ရှင်သန်စေခဲ့ပြီး သူ့ရဲ့သွေးတွေကို အပြည့်အဝပြန်လည်ရရှိဖို့ ခင်ပွန်းနဲ့ ဇနီး စကေးတွေကို အသုံးပြုခဲ့တယ် ဒါပေမယ့်လည်း...

ဟဲကျင့်သည် တိတ်တိတ်လေး တွေးနေမိသည်။

ရှစ်နှစ်ကြာအောင် အွန်လိုင်းပေါ်မလာတာ နဲ့ လက်ထပ်ထားတာကို ဖျက်သိမ်းဖို့ မလုပ်နိုင်တာတွေ အတွက်အပြစ်တင်ရင်တောင် အမြဲတမ်း ဒီလိုလုပ်နေဖို့ မလိုပါဘူး အာ ဘယ်လိုတောင် ကလေးဆန်တာလဲလို့!!!

တစ်ချိန်တည်းမှာပင် နှလုံးသားမဲ့ မီး ၏ ဦးခေါင်းထက်တွင် chat bubble တစ်ခု လွင့်ပျံလာသည်

"ငါ့ကို မင်းဘယ်တုန်းကလက်ထပ်ခွင့်တောင်းတာလဲဆိုတာ မေ့သွားပြီလား?"

ဟဲကျင့်: "..."

ဒါဆို အိမ်ထောင်ရေးကို ဖျက်သိမ်းပိုင်ခွင့်ရှိသူက မီး ပဲ မဟုတ်လား။

ဒါဆို သူဘာလို့ငါ့ကိုမကွာရှင်းတာလဲ။ ဒီလူ ဂိမ်းထဲမှာ ငါ့ကို စောင့်နေတာလား.....?

ဟဲကျင့် သည် သူ့ကိုယ်ပိုင်အတွေးကြောင့် အံ့သြသွားကာ သူ့တစ်ကိုယ်လုံး အေးစက်နေသော ချွေးများ ရွှဲနစ်သွားတော့သည်။

ဂိမ်းထဲတွင်သူနှင့် မီး သည် "အမည်ခံအိမ်ထောင်ရေး" (taskတွေကို အတူတူလုပ်ဖို့ အတွက်သာ) မျှသာဖြစ်သည် ။ သူတို့ဟာ အရင်က တစ်ခါမှ မဆုံဖူးကြသလို ပြောရမယ်ဆိုရင်တော့ သူစိမ်းနှစ်ယောက် ပင်။

ဒီလူက ငါ့အတွက် တကယ်ပဲ ဂိမ်းထဲမှာ ရှစ်နှစ် လောက် စောင့်နေခဲ့တာလား?

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now