033:ဟိုလိုဂရပ်ဖစ် ဦးထုပ်

987 174 7
                                    

Unicode

လူထု သည် အသက်ရှုအောင့်ထားကြပြီး အစီအစဉ် မှူးက ခဏရပ်ကာ နောက်ဆုံးတွင် တော့ပြောလာတော့သည်။

"ဟိုလိုဂရပ်ဖစ်ဗားရှင်းမှာ Demon God ရဲ့ ပြိုင်ဆိုင်မှုပလက်ဖောင်းကို အပြည့်အဝဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး ကစားသမားများကို သူတို့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ အဖွဲ့များကို ဖွဲ့ခွင့်ပေးမှာပါ။ အကောင်းဆုံးအသင်းသည် ဂိမ်းတာဝန်ရှိသူများမှ ပုံမှန်စီစဉ်ပေးမည့် အသင်းပြိုင်ပွဲ များကနေပြီးတော့ မြင့်မားတဲ့ ဆုကြေးငွေတွေ ရရှိနိုင်မှာပါနော်
မနက်ဖြန်ည ရှစ်နာရီကနေ စပြီး Demon God ကနေ အသင်းတိုက်ပွဲ မှတ်ပုံတင်ခြင်းချန်နယ်ကိုဖွင့်ပေးမှာပါ နှစ်လအတွင်းမှာပဲ ဖေဖော်ဝါရီ xx တနင်္ဂနွေမှာတော့ Demon God မှတာဝန်ရှိသူများက ဟိုလိုဂရပ်ဖစ် ဗားရှင်းရဲ့ ပထမဆုံးဂိမ်းပြိုင်ပွဲကိုယူဆောင်လာပေးမှာပါ စောင့်ပြီးကြည့်ရှုကြပါစို့နော် ...

ဤသတင်းကို တရားဝင် Demon God News Network တွင် လည်း နှစ်နာရီအတွင်း ထုတ်ပြန်သွားမှာပါ ပရိသတ်များနှင့် Demon God ကစားသမား များ ၏ အားပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ယနေ့လာရောက်ပေးကြသော နှလုံးသားမဲ့မီး, ရေသေ,ရေခဲမုန့်....... ဧည့်သည်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်"

ဒီသတင်းထွက်လာပြီးနောက်မှာတော့ Demon God တစ်ခုလုံး ပွက်ပွက်ဆူသွားခဲ့တော့သည်။ ပြောရမယ်ဆိုတော့ လက်ရှိ Demon God သည် အွန်လိုင်းဂိမ်းတစ်ခုသာဖြစ်သည်။ ဂိမ်းတွင်တရားဝင်ဝန်ဆောင်မှုပေးသည့်စင်တာ ရှိပြီး နှလုံးသားမဲ့ မီးလို အထူးကစားသမား များသာ လုပ်နိုင်သည့် Flying Tour Network နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် မျိုးလည်းရှိသည်။ သို့သော်လည်း တာဝန်ရှိသူများမှ ပုံမှန်ပြိုင်ပွဲများ စတင် ပေးသည် နှင့်တစ်ပြိုင်နဲ့ Demon God ၏သဘောသဘာဝသည် လည်း ပြောင်းလဲသွားလိမ့်မည်။

၎င်းသည် ဂိမ်းသက်သက်မဟုတ်တော့ဘဲ ဂိမ်းဝါသနာအိုးများစွာအတွက် အသက်မွေးဝမ်းကြောင်းလမ်းကြောင်းအသစ်များကိုလည်း ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ချေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now