055:ဝါးတောထဲကအခွင့်ရေးသမား

784 156 2
                                    

Unicode

ချင်ယွီ၏ မှတ်ချက်ကြောင့် ဟဲကျင့် သည် တစ်ဖန် အိပ်မပျော်နိုင်ပေ။

ချင်ယွီပြောတာ မှန်တယ်။ သူ့ပြဿနာက သူ့ငွေရေးကြေးရေးကြောင့်မဟုတ်ပဲ သူ့အမေနဲ့သူ့ရဲ့ဆက်ဆံရေးကြောင့်  အတိအကျပြောရရင်တော့ သူ့အမေကြောင့်ပဲ။

သူ့အမေက သူ့ဘ၀မှာ အာဏာကိုင်ဆောင်ထားသူဖြစ်ပြီး သူ့ရဲ့ငွေကြေးကိုတောင် သူမက ထိန်းချုပ်ထားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူ့အဖေသည်  ငြီးငွေ့စရာကောင်းပြီး အမှန်တကယ်ရိုးသားသူဖြစ်သည်။ အိမ်မှာဆိုလည်း သူ့မိန်းမရဲ့စကားကို အမြဲနားထောင်၏။ သူ့အမေက ဘာပဲပြောပြော သူ့သူ့အဖေက ဘာမေးခွန်းမျှ မမေးပဲ လိုက်နာသည်။..

ဟဲကျင့် တစ်သက်တာလုံး သူ့အဖေက သူ့အမေကို လစဉ်လုပ်အားခ အားလုံးကို ပေးတာတွေ့ခဲ့တယ်။ သူက Camel စီးကရက်တစ်ဗူးဝယ်ဖို့အတွက်ပဲ သုံးရက်ကို 10 ယွမ်သာတောင်းခဲ့တယ်။ တစ်ခါက သူ့အဖေက Camel ထက် ပိုစျေးကြီးတဲ့ Yellow Crane Tower စီးကရက်ကို ဝယ်လာလို့ သူ့အမေက ညလုံးပေါက် မေးခွန်းထုတ်ခဲ့တာကို ဟဲကျင့် မှတ်မိပါသေးတယ်။ နောက်ပိုင်းကျမှ အဖေက သူရဲ့ လစာအချို့ကို ဝှက်ထားကြောင်း သိလာရကာ အဲ့ဒီညကဆို တစ်အိမ်လုံး ကမောက်ကမ ဖြစ်သွားခဲ့သေး
တယ်။

သူ့အဖေက စီးကရက်မျိုးစုံဝယ်တာကြောင့် သူ့အမေ က စိတ်ဆိုးတာ မဟုတ်ပဲ သူ့အဖေက သူမ ထိန်းချုပ်မူ အောက်တွင် မရှိလို့ စိတ်ဆိုးခြင်းပင်။

ဟဲကျင့် သူ့အဘိုးရဲ့ အဖြစ်အပျက်တစ်ခုကို လည်းသတိရမိသည် ။ ဟဲကျင့် ၏ အဘိုးသည် အသက်ရှိ နေသေးပြီး အလွန်မြင့်မားသော အငြိမ်းစားလုပ်ခလစာဖြင့် အငြိမ်းစားဝန်ထမ်း တစ်ဦးဖြစ်သည်။ သူတို့အိမ်မှာ သူ့အဖွားက အိမ်သုံးငွေကို စီမံခန့်ခွဲတဲ့သူတစ်ယောက်လည်း ဖြစ်သည်။ အဲဒါက မျိုးရိုး
စဉ်ဆက် မျိုးဆက်တစ်ခုကနေတစ်ခု ကူးစက်လာခြင်းပင်။

အဘိုးသည် ထူးထူးခြားခြား ဝါသနာပါတာမရှိကာ သတင်းစာဖတ်ရုံသာ ရှိသည်။ဟဲကျင့်ကြားတာတော့ မနက်တိုင်း အဖွားက ဒေသခံနေ့စဉ်သတင်းစာဝယ်ဖို့ အဘိုးကို ငါးဆင့်ပေးလေသည်တဲ့။အဲ့ဒီနောက်မှာတော့ အိမ်ပြန်ပြီး မှန်ဘီးနဲ့ သတင်းစာ ဖတ်တာ အလယ်မှာ ပါတဲ့ ကြေငြာတွေက အစ မလွတ်မပေးပေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် သူသည် စာစီစာရိုက်ရှာဖွေမှုအတွက် ဘောနပ်စ်
အနည်းငယ်ကိုလည်း သတင်းစာကုမ္ပဏီထံမှ ရရှိခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now