067:ငါကယောကျ်ားလေး

1K 176 7
                                    

Unicode

သူတို့ Dungeon ထဲက ထွက်လာတာနဲ့ ဟုန်တုန်ယွမ် က သူ့သူငယ်ချင်းတွေကို ရှာဖို့ ထွက်သွားတော့သည်။တစ်ညလုံး မအိပ်ရသေးသောရှူကျီးကျာ့လန် မှာလည်း အိပ်ချင်လာတော့သည်။ သူက အိပ်ရာက နိုးတာနဲ့ ပြန်လာခဲ့မယ်လို့ပြောခဲ့ပြီး ချက်ချင်းပင် သူတို့မြင်ကွင်းက ပျောက်ကွယ်သွားတော့ ၏။

ကိုးခန်းမ အရှင်မင်းမြတ်က သံသယဖြင့်ဆိုလာ
သည်။

"ဒါက ရေ အစ်ကို ရှာနေတဲ့ ဝိညာဉ်အိမ်မွေး
တိရစ္ဆာန် ပေါ့? ဒီကောင်လေးကို ဘာကြည့်ပြီးလဲဟ?"

လွင့်မျောတိမ်တိုက်က ခန့်မှန်းလိုက်သည်။

"သူ့ရဲ့ ရောင်ဝါ က ငါတို့နဲ့ ဆင်တူနေလို့ ဖြစ်
နိုင်လောက်လား?"

ကိုးခန်းမ အရှင်မင်းမြတ်: "သူ့မှာ ရောင်ဝါလို အရာရောရှိလို့လား?"

မီး: "ဒါဆို ရှူကျီးကျာ့လန် နဲ့ ကြီးမြတ်တဲ့စင်ဂယ် လေးနှစ်ယောက်မှာ မင်းရွေးချယ်ရမယ်ဆိုရင် မင်းရဲ့အသင်းဖော်အဖြစ် ဘယ်သူ့ကို လိုချင်လဲ?"

ကိုးခန်းမ အရှင်မင်းမြတ်က သူ့မျက်လုံးကို မှေးစေးကာစဉ်းစားပြီးပြောလာသည်။

"ရှူကျီးကျာ့လန်"

လူတိုင်း: "..."

ဟဲကျင့်: "ဘာလို့လဲ?"

ကိုးခန်းမအရှင်မင်းမြတ်: "ကြီးမြတ်တဲ့စင်ဂယ် လေး က အရမ်းနိမ့်ကျတဲ့သူတစ်ဦးလို ခံစားရတယ် ငါရဲ့ အမြင်အရ သူငါ့ကို အရှင်မင်းမြတ်လို့ခေါ်လိုက် တဲ့အသံကိုက အဲ့လိုပဲ"

ဟဲကျင့် သည် ဟုန်တုန်ယွမ် အတွက်တိတ်တဆိတ် ဖယောင်းတိုင်ထွန်းပေးလိုက်တော့သည်...

ကြိုးကြာရိုင်းက ဒါပြီးသူတို့ဘာဆက်လုပ်မလဲလို့ ပြောတော့မယ့်အချိန်မှာပဲ ကိုးခန်းမအရှင်မင်းမြတ် က ခုဏကသူရှုပ်ထွေးနေတဲ့ကိစ္စကို သတိရပြီးမေးလာလေသည်။

"ယီယီက ဘာဖြစ်သွားတာလဲ? ဘာလို့ ရေခဲမုန့် နဲ့ ရှိနေတာလဲ?"

သူ့မေးခွန်းကိုကြားတော့ ကျန်တဲ့အဖွဲ့သားတွေက သူတို့ရဲ့ခေါင်းကိုချက်ချင်းလှည့်ကာ မီးကိုကြည့်လာကြသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now