065:Treasure Hunt Dungeon

838 164 8
                                    

Unicode

ကြိုးကြာရိုင်းလည်း ကူရာမဲ့စွာဖြင့်ပြုးမိ တော့ သည်။

"ရေသေ က ဒီကလေးကို ဘယ်ကနေရှာတွေ့ခဲ့တာလဲ? သူကဘယ်လိုတောင် နားမလည်နေရတာလဲနော်?"

တစ်ချိန်တည်းမှာပင်နားမလည်ခဲ့တဲ့ ဟဲကျင့်သည် လည်း သူရဲ့တုံးအ မူကိုဖုံးကွယ်ရန် တိတ်ဆိတ်နေနိုင်၍ ဝမ်းသာ သွားခဲ့သည်။...
သူလည်း အဘိုးအိုကို  ကစားသမားတစ်ဦးလို့ ထင်သွားခဲ့တာလေ (=_=)

စိတ်ဓာတ်ကျသွားတဲ့ ရှူကျီးကျာ့လန် လေးဟာ သည် သူ့ကိုယ်သူ ခုခံကာကွယ်ရန် ကြိုးစားခဲ့ပေ
သည်။

"ဒီ Dungeon ထဲဝင်တာ ပထမဆုံးအကြိမ်ကို ဘယ်လိုလုပ်သိနေမှာလဲလို့!"

ကုသပေးသူ လွင့်မျောတိမ်တိုက် သည် NPC အဘိုးအိုကို ကုသရန် ဂါတာရွတ်ဆိုပြီးနောက် ရှူကျီးကျာ့လန် ကိုပြုံးကာမေးလိုက်သည်

"မင်း ဒီဂိမ်းကိုကစားတာ ဘယ်လောက်ကြာပြီလဲ?"

ရှူကျီးကျာ့လန် : "ဟမ် ဟိုလိုဂရပ်ဖစ်ဗားရှင်း မထွက် ခင် တစ်ပတ်အလိုလောက်က? 15 ရက်လောက်ရှိပြီ"

ကိုးခန်းမအရှင်မင်းမြတ်: "15 ရက်? ဒါဆို မင်းအရင် က မကစားဖူးဘူးပေါ့?"

ရှူကျီးကျာ့လန် : "ဟုတ်တယ် အားလပ်ရက်ရတုန်းကပဲ စဆော့ခဲ့တာ အဲဒီဦးထုပ်ကိုတောင် လွန်ခဲ့တဲ့ နှစ်ရက်ကမှ လက်ခံရခဲ့တာ ပြည်မကြီးကနေ သယ်ဖို့ သုံးရက်လောက် အချိန်ယူခဲ့ရတယ်လေ"

လူတိုင်း အံ့သြသွားကြသည်။ဒီအခြေအနေတွင်ဆို ဤကလေး၏ အဆင့်မြှင့်တင်မှုအမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းသည်။ မီး နှင့် နှစ်လသုံးလကြာ ကစားပြီးနောက် သူသည် အဆင့် 29 သို့ ရောက်ရှိခဲ့ကြောင်း ဟဲကျင့် သတိရမိသည်။ သို့သော် Spirit Fairy ခေတ်တွင် ဝိညာဉ်ဇာတ်ကောင်များ၏ အဆင့်မြှင့်တင်မှု အမြန်နှုန်းသည် အမှန်တကယ် နှေးကွေးခဲ့ပြီး ဂိမ်းပြန်လည်ပြင်ဆင်ပြီးနောက်တွင် တော့ ပိုမိုမြန်ဆန်လာခဲ့သည်။

ကိုးခန်းမအရှင်မင်းမြတ်က ရယ်ကာ ဆို၏။

"ဒါဆို မင်းကံကတော်တော် ကောင်းတာပဲ ရက်နည်းနည်းပဲ ဆော့ရသေးတယ် ရေ အစ်ကိုကြီးနဲ့ တွေ့ခဲ့တယ်လေ "

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now