082: Fairy Pet ပြိုင်ပွဲ စာရင်း

818 169 3
                                    

Unicode

"မင်းကသူ့ကိုကျနမ်းပြီး ငါ့ကျဘာလို့မနမ်းတာလဲ?!"

ဟဲကျင့်နောက်လှည့်ကာ မီး ပြောတာကို မကြားချင်ယောင်ဆောင်လိုက်သည်။မနာလိုဖြစ်နေတာအသိအသာကြီးပဲကိုနော်။ မီး နဲ့ သူ့ရဲ့ဆက်ဆံရေးကို အသိအမှတ်ပြုပြီး ရှက်ဖို့ကောင်းအောင်ကလေးပါမွေးထားပေမယ့်လည်း မီးကိုသူ့ဖက်ကနေတက် ကြွစွာနဲ့စနမ်းဖို့ဆိုတာမဖြစ်နိုင်လေဘူး။

ဖက်ထုပ်လေးကိုခဏလောက် စနောက်ပြီးနောက် မှာတော့ဟဲကျင့်ကမေးလာသည်။

"မင်းဘယ်တော့အိပ်မှာလဲ?"

"မင်းအိပ်တဲ့အချိန်ပေါ့"

မီးက ရုတ်တရက် သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။ သူက ဆယ်ကျော်သက်အရွယ် ပုံစံရှိတဲ့ အားကျင့် ကို ပွေ့ဖက်ထားပြီး ဖက်ထုပ်လေးကတော့အားကျင့်လက်ထဲတွင်ရှိနေလေသည်။
မင်းကငါအိပ်တဲ့အချိန်အိပ်မယ်ပေါ့လေ?

ဟဲကျင့်: "ဒါဆို ငါအိပ်တော့မယ်!"

မီးသည် အားကျင့်ဘယ်လောက်တောင်ရှက်နေသည်ကို မြင်တဲ့အခါမှာတော့ သူကပြုံး၍စနောက်ခြင်းကိုရပ်လိုက်တော့သည်။

"မင်းကို တစ်နေရာကို ခေါ်သွားခွင့်ပြု"

ထို့နောက် မီးသည် သူ့ကို ဖာရက်အဖြစ် ပြောင်းလဲလိုက်တော့သည်။

"အိုး ခဏလေး! ဖက်ထုပ်လေး!"

အားကျင့်က ဖာရက်အဖြစ်ပြောင်းသွားသောအခါတွင် ဖက်ထုပ်လေးသည် သူ့ရဲ့လက်ထဲက လွတ်ထွက် သွားပါ၏။

"စိတ်လျှော့ သူ့မှာ အတောင်ပံတွေရှိပြီး ပျံတတ်ပါတယ်။"

မီး က ဖက်ထုပ်လေးကို "ငါတို့နောက်ကို လိုက်ခဲ့"ဟုဆိုသည်။

"ကျီ!"

ဖက်ထုပ်သည် သူ၏လက်သီးသေးသေးလေးများကို ဆုပ်ပြီး သူ့အတောင်ပံများကို ဝှေ့ယမ်းကာ အပြည့်အဝစွမ်းဆောင်နိုင်သည်ဟု ပြသသည်။ ဒါပေမယ့် လည်းသူက လင်းယုန်ကို လိုက်နေတဲ့ ငှက်ငယ် လေးလို မီးထက် အများကြီး နှေးနေပါသေးတယ်။

မီးသည် အားကျင့် ကို သူ့နောက်ကျောပေါ်တွင် သယ်ဆောင်ကာ နတ်သမီးမြေပေါ် မှပျော်ရွှင်စွာ ပျံသန်းသွားခဲ့သည်။ အားကျင့် က သူ့ကို ခဏခဏ သတိပေးလေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now