132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။

759 136 6
                                    

Unicode

ချင်ယွီ သည် ထိုတိုက်ခန်းကို ရွေးချယ်ရခြင်း၏ အခြားအကြောင်းရင်းတစ်ခုလည်း ရှိခဲ့သည်၊၊ အောက်ထပ်တွင် ကားပါကင်နေရာအလွတ်ရှိနေသော ကြောင့်ပင် လူနေထူထပ်သောခရိုင်အတွက် ဒါကအလွန်ရှားပါးပါ၏။

စပေါ်ငွေပေး၍ တစ်နှစ်စာချုပ်ချုပ်ပြီးနောက် ချင်ယွီသည် အိမ်သို့ပြန်ကာ သူ၏ Jaguar ကို နေရာသစ်သို့ မောင်းလာခဲ့သည်။

သီတင်းပတ်အကုန်တွင်တော့ သူတို့နှစ်ဦးသည် ရေချိုးခန်း ကန့်လန့်ကာအသစ်များ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ လသာဆောင်မှာထားဖို့ဘွန်ဆိုင်း၊ အိုးများနှင့် ဒယ်အိုးများကို ဝယ်ရန် IKEA သို့ ကားမောင်းသွားခဲ့ကြသည်။

"ဘာလို့ မီးဖိုချောင်သုံးပစ္စည်းတွေ အများကြီးဝယ်နေတာလဲ?မင်းကိုယ်တိုင် ချက်မလို့လား?"

ဟဲကျင့် သည် အမျိုးမျိုးသော အရာများ အပြည့်ရှိနေသော အိတ်ကို ကြည့်လိုက်ပြီး ထိုအရာများ မည်သို့ လက်တွေ့ ဖြစ်လာမည်ကို သူ အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သည်။

ချင်ယွီ က မျက်ခုံးပင့်လိုက်ပြီး "ဒါမင်းအတွက်လေ အဲ့ဒါမှမင်းငါ့အတွက်ချက်ပေးလို့ရမှာ"

ဟဲကျင့် သည် လူကြီးလူကောင်းဆိုတာက မီးဖိုချောင်နဲ့ဝေးဝေးနေရမယ်လို့ လက်ကိုင်ထားသူပင်၊ သူက လက်ကို မြှောက်ပြီး

"ဒါကို အရင်ရှင်းရှင်းပြောမယ်နော် ငါမချက်တတ် ဘူး အများဆုံးမှ ထမင်းပေါင်းအိုးသုံးတတ်ရုံပဲ!"

ချင်ယွီက သူ့ပခုံးကို ကိုင်ထားလျက် လည်ပင်းနားကိုကပ်လိုက်ပြီး နားထဲတိုးတိုးပြောလာလေသည်။

"မင်းကအရမ်းထက်မြက်တာပဲကို ဘယ်လိုချက်ရမလဲလေ့လာလိုက်ပေါ့ ငါတော့မင်းမလုပ်နိုင်ဘူးလို့မယုံပါဘူး"

ဟဲကျင့်သည် သူ့ရဲ့ရုတ်တရက် လုပ်ရပ်ကြောင့် လန့်သွားသဖြင့် ချင်ယွီ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။ ဒါပေမယ့် မြူဆွယ်တဲ့ အငွေ့အသက်တွေက လေထဲမှာ ဝဲနေဆဲပါပဲ။ အနီးအနားမှာရှိနေတဲ့သူတွေက သူတို့ရဲ့အိမ်အသစ်တွေအတွက်ပြင်ဆင်နေတဲ့ စုံတွဲတွေဆိုပေမယ့်လည်း ဒီလိုလေထုမျိုးက ဟဲကျင့်ကိုရှက်ရွံ့စေတုန်းပါပဲ

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now