025:Demonic Dungeonထဲဝင်မယ် 1

1K 173 2
                                    

Unicode

သူတို့ကိုအဖွဲ့ထဲသို့ မဆွဲသွင်းခင် ချင်ယွီ က သူ့သူငယ်ချင်းတွေကို သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဟဲကျင့် ဆီ ထုတ်ဖော်မပြောဖို့ အရင်ဆုံး သတိပေးခဲ့လေသည်။အဘယ်ကြောင်ဆိုသော်  ဒီလူတွေက သူ့ကို လက်တွေ့ဘဝမှာ တွေ့ဖူးတာကြောင့်ပင်။

ယမန်နှစ် ဆောင်းရာသီအားလပ်ရက်တွင် ရေသေ သည် အပြင်တွင် ပါတီတစ်ခုကို စီစဉ်ခဲ့ပြီး အနီးနားရှိ သူ ၏ဂိမ်းမိတ်ဆွေများကို တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။

ပထမတော့ ချင်ယွီက ဒါကို မသိခဲ့ပေ။ "Dunken Beijing Tower" သို့လာရန်ပြောသည့်စာတစ်စောင်သာရရှိခဲ့ပြီး ကိုးခန်းမလွင့်မျောတိမ် နှင့် ကြိုးကြာရိုင်း တို့လည်းရှိမည်ကိုသိပြီးနောက် ၎င်းကိုစိတ်ဝင်စားခဲ့သည်။

ထိုမတိုင်မီက ချင်ယွီသည် ၎င်း၏အရှည်ကြာဆုံးသူငယ်ချင်းဖြစ်သည့် ရေသေ အပါအဝင် လက်တွေ့ဘဝတွင် ဂိမ်းထဲမှမည်သူ့ကိုမျှ မမြင်ဖူးခဲ့ပေ။

ရေသေ မှဖော်ပြထားသောအမည်များသည် သူနှင့်ရင်းနှီးသောကြောင့် ချင်ယွီ သည် သွားရန်မတွန့်ဆုတ်ဘဲ တက္ကစီတစ်စီးကို အမြန်ခေါ်လိုက်သည်။ သို့သော် ထိုနေရာသို့ သူရောက်သည်နှင့် သူ့ကို နှုတ်ဆက်သည့် မြင်ကွင်းသည် သူစိတ်ကူးထားသည့်အရာနှင့် များစွာ ခြားနာနေသည်။ ပန်းယီယီအပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့် ရှိခဲ့သည်။

ထိုလူများထဲတွင် လူချမ်းသာ ဒုတိယမျိုးဆက်သခင်လေး တူသော ကိုးခန်းမအရှင်မင်းမြတ်သည် အသက် 20 အရွယ် လူငယ်လေး ဖြစ်ပြီး တစ်ဖက်နိုင်ငံ၌ တက္ကသိုလ်တက်နေကာ Sportကားများ ကြိုက်နှစ်သက်ပြီး ဂိမ်းဆော့ခြင်းကိုလည်း နှစ်သက်ကာ ပျော်ပျော်နေတတ်သော စိတ်ထားရှိသည်။

လွင့်မျောတိမ်တိုက် နှင့် ကြိုးကြာရိုင်းလေး တို့နှစ်ယောက်လုံးသည် ဒေသခံများမဟုတ်ကြဘဲ လွန် ခဲ့သည့်နှစ်အနည်းငယ်ကမှ ဒေသဆိုင်ရာတက္ကသိုလ်တစ်ခုတက်ရန် မြို့သို့ရောက်လာကြပြီး လက်ရှိတွင် ၎င်းတို့သည် ဤမြို့နှင့် ၎င်းတို့၏မွေးရပ်မြေကြားတွင် အသွားအပြန်လုပ်နေကြသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now