048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ

994 158 1
                                    

Unicode

ကောင်းကင်ဂီတစင်မြင့် မှ ထွက်ပြီးနောက် သူတို့နှစ်ဦးသည် အဝတ်အစားဆိုင်သို့ သွားကြသည်။ နောက်ဆုံးတွင် မီး သည် ဂိမ်းကုမ္ပဏီမှ ခိုးယူခံထားရသည့် သူ့၏အဝတ်အစားများကို အစားထိုးခဲ့သည်။ သူသည် အနက်ရောင် ၀တ်ရုံကို ရွှေရောင်မီးပုံစံဖြင့် ပြုလုပ်ခဲ့ပြီး သူ့၏ ထုံးစံအတိုင်း အနက်ရောင် အကျ်ီကိုသာ အသုံးပြုခဲ့သည်။

ခေါင်းမှ ခြေဖျားအထိ အနက်ရောင်ကို ၀တ်ထားသဖြင့် မီးသည် ယခင်ကထက် ပို၍ နက်မှောင်နေပုံရသည်။ ထိုပုံစံ သည် သူ၏ ပထမအဆင့်ဆရာကြီး ခေါင်းစဉ်နဲ့ လိုက်ဖက်ပေမယ့်လည်းပေါ့လေ..

"မင်းအကြိုက်ဆုံးအရောင်က အပြာမဟုတ်ဘူးလား? ဘာလို့ အနီရောင် ဒါမှမဟုတ် အနက်ရောင် အဝတ်အစားတွေ အမြဲဝတ်နေတာလဲ?"

ဤသို့မေးပြီးနောက် ဟဲကျင့် သည် ကိုးခန်းမ အရှင်မင်းမြတ်အကြောင်းကို ရုတ်တရက် တွေးလိုက်မိသည်။ သူမြင်ဖူးတဲ့ အကြိမ်အနည်းငယ်ထဲက အဲဒီလူက အရောင်စုံအဝတ်အစားတွေကို အမြဲဝတ်ထား၏ တစ်ခါက အပြာရောင်တောက်တောက် နောက်တစ်ခါက ခရမ်းရောင်တောက်တောက် ဒါက မီးရဲ့ အနီရောင်နဲ့ အနက်ကို ပေါင်းစပ်ထားတဲ့ အရောင်က  တကယ်ပုံမှန်ဖြစ်ပြီး သူ့အတွက် လိုက်ဖက်တယ်လို့ ဟဲကျင့် ကို ခံစားရစေသည်။

သို့သော်လည်း မီး သည် မကြာမီတွင် သူ၏ တကယ့်အကြောင်းပြချက်ကို ရှင်းပြခဲ့သည်

"ငါက သူများတွေအမြင်မှာ ထင်းနေပြီးသားလေ လူမသိအောင်နေဖို့ မပေါ်လွင်တဲ့ အရောင်အ၀တ်အစားတွေကိုဝတ်ရမှာပေါ့။ အနက်ရောင်က ဒီရည်ရွယ်ချက်အတွက် အလွန်ကောင်းမွန်တဲ့  ရွေးချယ်မှုပဲလေ"

ဒီ  ကြီးမြတ်တဲ့ နတ်ဘုရား ပြောစကားကို ကြည့်ရင် ကျိုးနွံမူ မရှိတာ အသိသာကြီးပဲ။လူမသိသူမသိ နေချင်ရင် မီးခိုးရောင် အရပ်သားဝတ်စုံ ဝတ်တာက ပိုကောင်းတာမဟုတ်ဘူးလား? ငါ့လိုလေ(=_=)

အဲဒီနောက် မကြာခင်မှာပဲ မီး က အားကျင့်  ကို
ညွှန်ပြ ကာ အင်္ကျီ အသစ်ကို ဝတ်ခိုင်းလေသည်။
ဆင်စွယ် ဖဲသား ၀တ်ရုံကိုမှ အဖြူရောင် သားမွေးအပေါ်ထပ် ကို ဆင်ပေးသည်။သူ၏ နဂိုက နိမ့်ကျ နေသာ ပုံရိပ်သည် ချက်ချင်းပင် သခင်ငယ်လေး ပုံစံပြောင်းသွား၏။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ