022: အပြင်ထွက်စားမယ်

1.1K 206 4
                                    

Unicode

ဟဲကျင့် ရဲ့ သဘောသဘာဝအရ တစ်ဖက်လူက သူ့အကူအညီကို ပြောင်ပြောင်တင်းတင်း ကမ်းလှမ်းလာရင်  ငြင်းဖို့ရန် အားနာတတ်သည်။ ထို့ကြောင့် အနည်းငယ် တောင့်တင်းသော လှုပ်ရှားမှုဖြင့်  ဟဲကျင့် သည် သူ့ကိုယ်သူ ချင်ယွီ၏ နောက်ကျောပေါ်သို့ မှီချလိုက်သည်။လည်ပင်းကို ဖက်ထားရတာ ရှက်လွန်းဖြင့် လက်ကို တစ်ဖက်လူရဲ့ ပခုံးပေါ်တွင်သာ တင်ထားလိုက်သည်။

အပြင်ဘက်တွင်တော့  ချင်ယွီ ၏အသွင်အပြင်သည် ပိန်ပိန်ပါးပါးနှင့် လိုက်လျောညီထွေဖြစ်နေပုံရသော်လည်း ယခုအခါ တွင်တော့ ထိုသူ့မှာ  ပခုံးကျယ်များရှိနေကြောင်း ဟဲကျင့် မထင်မှတ်ပဲ သိလိုက်ရသည်။၊ ဒီလိုအေးတဲ့နေ့မှာ တောင် ဒီကောင်လေးက သူ့ရဲ့ ယူနီဖောင်းနဲ့ ဂျာကင်ကို ပဲ  ၀တ်ထားခဲ့သည်။

"မြဲမြဲကိုင်ထား။" ချင်ယွီ၏ လက်များက ဟဲကျင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်လာကာ ပေါ့ပေါ့လေးပင် ကုန်းပိုးလိုက်သည်။

သူ့ရဲ့ ဖျားနာနေမူကြောင့်  ချင်ယွီ၏ လုပ်ရပ်သည် ချဲ့ကားသည်ဟု မည်သူမျှ မထင်ခဲ့ပေ။ ဟုန်တုန်ယွမ်  နှင့် ရှန် သည်ပင်  စိတ်အားထက်သန်မှုအနည်းငယ်ရှိနေသလို သာ တွေးခဲ့ကြသည်။

ဟဲကျင့်သည်သာ စိတ်လှုပ်ရှားကာ စိတ်အနှောင့်အယှက် ဖြစ်သည် ဟု ခံစားနေရတာပင်.....

သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည် အကယ်၍ အားနည်းပြီး အားကိုးရာမဲ့နေ လျှင်တောင် သူတပါးအား ဤမျှလောက် အားကိုးရန် မတွေးခဲ့မိပေ။ ပြီးတော့ သူ့ဂျူနီယာ ဆီကနေသူ့ကို ဒီလောက် ဂရုတစိုက် ဆက်ဆံခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလို့!

ဆောင်းရာသီနီးနေပြီမို့ အပြင်မှာ လေပြင်းတွေတိုက်ပြီး အပူချိန်က ဒီဂရီများစွာ ကျဆင်းသွားသည်။ ဟုန်တုန်ယွမ် က သူအရင်က ယူလာခဲ့တဲ့ အဝတ်အစားတွေကို ဟဲကျင့် ရဲ့ကျောပေါ် တင်ပေးလိုက်ကာ  သူတို့အားလုံး အိပ်ဆောင်ဆီသို့ လျှောက်သွားကြတော့သည်။

ဟဲကျင့်  သည် ချင်ယွီ ၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး မနေ့ညက ရေကန်ခရီးစဉ်ကို ပြန်တွေးမိသွား၏။ ချင်ယွီသည် ထိုအချိန်က လူတိုင်းအတွက် အစားအစာများအတွက် ကုန်ကျစရိတ်ကို ပေးဆောင်ရန် ကမ်းလှမ်းခဲ့ဖူးသောကြောင့် ဤလူသည် အမှန်တကယ်ပင် ကိုယ်ကျိုးမဖက်သော လူတစ်ဦးဖြစ်နေပုံရသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now