155:မင်းနဲ့အတူတစ်သက်လုံးထာဝရ

1.1K 193 18
                                    

Unicode

ဟဲကျင့်သည် အတွင်းအပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုက်ခန်းအတွင်းတွင် အပြောင်းအလဲများစွာမရှိသည်ကို သူတွေ့လိုက်ရသည်။ ကော်ဖီစားပွဲသည် အသစ်စက်စက်ဖြစ်ကာ အဖြူရောင် ကြွေအိုးကိုတော့ဖန်အိုးအဖြစ်သို့ ပြောင်းလဲထားလျက် လိုက်ကာများကိုတော့လျှော်ဖွတ်ထားလေသည် ချိတ်တွင်ချိတ်ထားသည့် ညအိပ်ဝတ်စုံမှာတောင် အမွှေးနံ့သင်းပျံ့နေသေး၏...

ဟဲကျင့်တွေးကြည့်လိုက်တော့လည်းအဲ့ဒါကတကယ်အဓိပ္ပါယ်ရှိတာပဲလေ။ အကယ်၍ တစ်စုံတစ်ယောက်က ဒီနေရာမှာအမှန်တကယ်နေထိုင်ခဲ့ရင် ပရိဘောဂတွေဟောင်းနွမ်းနေမှာပေါ့။ သူ့စာအုပ်တွေနဲ့ အဝတ် အစားတွေကလည်းအဲ့နေရာမှာပဲရှိနေမှာမဟုတ်ဘူးလေ။တိုက်ခန်းရဲ့ သန့်ရှင်းသပ်ရပ်နေမူနဲ့ဖုန်မရှိတာကိုကြည့်ရင်မတိုင်ခင်ကတစ်ယောက်ယောက်က သန့်ရှင်းရေးလုပ်ထားကြောင်းဟဲကျင့်သေချာပါ၏ပြီးတော့အဲ့လူကတိုက်ခန်းကိုအရင်ပုံစံအတိုင်းထိန်းသိမ်းထားတာပင်။

ဟဲကျင့် ရုတ်​တရက်​ ရှုပ်ထွေးသွားရသည်​။ ချင်ယွီရဲ့ ခေါင်းမာမှုကို သူ ကောင်းကောင်းနားလည်ခဲ့သည်။ ထိုနူးညံ့သိမ်မွေ့ပြီး ပြင်းထန်တဲ့ချစ်ခြင်းများဖြင့်ချုပ်နှောင်ခံလိုက်ရသလိုခံစားလိုက်ရပြီး သူရုန်းထွက်နိုင်တော့မည်မဟုတ်ချေ

ဟဲကျင့် သည် စားပွဲပေါ်ရှိ ဟိုလိုဂရမ် ဦးထုပ်ကို ထိလိုက်သည်။ ရုတ်တရက် နောက်မှချင်ယွီကမေးလာခဲ့သည်။

"မင်း ဂိမ်းထဲပြန်ဝင်ချင်လား?"

"အင်း"

သူ့လက်ချောင်းထိပ်များမှတဆင့် လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သွားခဲ့သည် ။ ဖက်ထုပ်လေးကိုလည်းမတွေ့တာကြာပြီဆိုတော့ သူကလေးလေးကိုပြန်တွေ့ဖို့ သူမစောင့်နိုင်တော့ပါဘူးနော်

"ဒါက အလုပ်လုပ်သေးရဲ့လားတောင်ငါမသိပါဘူး"

"အဲဒါမကောင်းတော့ရင်လည်း ငါမင်းကို အသစ်တစ်လုံးပေးမယ်။"

ချင်ယွီက ဟဲကျင့်ရဲ့လက်ကိုညှစ်လိုက်ပြီး သူ့ပါးကိုနမ်းလိုက်ကာဖြင့်

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now