098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!

998 184 8
                                    

Unicode

K က "မင်းပျော်မှာမဟုတ်ဘူး" လို့ ပြောလိုက်တဲ့စကားဟာဟဲကျင့်ရဲ့ စိတ်ထဲကို ချက်ချင်းရောက်သွားတယ်။ သူပြောတာ မှန်ပါတယ် တခြားသူတွေရဲ့ မျှော်လင့်ချက်အောက်မှာ နေထိုင်ရတာ သူလိုချင်တဲ့အရာမဟုတ်ခဲ့ဘူးလေ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံးသူလုံးဝမပျော်ခဲ့ရပါ။

"ဒါပေမယ့် ငါတို့ကြားထဲမှာ ထူးထူးခြားခြား ကံကောင်းတဲ့သူတွေလည်း ရှိသေးတယ်။ သူတို့ဟာတို့ကလုံးဝ gay နေကြတာတော့မဟုတ်ဘူး ဆန့်ကျင်ဖက်လိင်ကိုလည်းစိတ်ဝင်စားကြသေးတယ် ပြောရရင်တော့Bisexual ပေါ့ သူတို့လိုသူတွေက ပတ်ဝန်းကျင်ကပေးလာတဲ့ pressure တွေကိုမခံနိုင်တော့ရင်တော့ အစစ်အမှန်ကနေထွက်ပြေးကြတော့တာပေါ့ကွာ။ငါတော့ gay မှ gay စစ်စစ်ပဲ"

K ပခုံးတွန့်ပြ၍ ဟဲကျင့်ကိုကြည့်လိုက်ပြီး "မင်းကရော?"

ဟဲကျင့်သည် ခဏတာ တော့ ကျောက်ရုပ်ဖြစ်သွားသည်။ ထုန်ရွှမ် နှင့် သူ၏ဆက်ဆံရေးကိုတွေးမိလိုက်သည် သူတို့ရဲ့ ငြိမ်းချမ်းခဲ့တဲ့အချိန်များအကြောင်းကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ သူချင်ယွီအပေါ်ရှိနေသည့် ခံစားချက်များနဲ့ သေချာပေါက်ကို မယှဉ်နိုင်ကြောင်းသိလိုက်ရလေရဲ့။ဘယ်သူက သူ့ရဲ့စိတ်ခံစားချက်အစစ်အမှန်ကို လှုံ့ဆော်ပေးတယ် ဆိုတာ ဆုံးဖြတ်ဖို့ တော်တော်လွယ်လှပါ၏။

"ကျွန်တော်မသိဘူး..." ဒီလိုနောက်ကျမှပေါ်လာတဲ့လိင်စိတ်တိန်းညွှန်မူကြောင့်ဟဲကျင့် သည် သူ့ကိုယ် သူ မသေချာတော့ပေ။ တစ်ချိန်ကသူ့ကိုယ်သူဖြေသိမ့်ဖို့ သူသဘောကျတဲ့မိန်းကလေးကိုရှာတွေ့ခဲ့တယ်လို့စိတ်ကူးခဲ့ဖူးတယ် ဒါပေမယ့်လည်း ချင်ယွီနဲ့ မီး နှစ်ယောက်လုံးကိုရင်ဆိုင်ရချိန်မှာတော့ သူတပ် ဆင်ထားတဲ့မျက်နှာဖုံး သူ့ကိုယ်သူလှည့်စားခဲ့တာတွေကအစိတ်စိတ်အမွှာအမွှာကွဲကြေသွားသည်မှာကြာလှနေခဲ့ပြီပင်။

K :"တစ်ကယ်လို့မင်းမိန်းမတစ်ယောက်ကြောင့် လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုကို တစ်ခါမှ မခံစားခဲ့ရဘူးဆိုရင်တော့ မင်းကသေချာပေါက်ကို gayပဲ"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now