089:သူကမင်းနဲ့အတူရှိချင်နေတာ

851 164 4
                                    

Unicode

ညဘက် အိပ်ဖို့လုပ်တော့ အထူးသဖြင့် ဒီရှည်လျားတဲ့ နေ့တစ်နေ့ကို မတွေးပဲနဲ့မနေနိုင်ခဲ့ဘူး။ သူ့အိမ် ကနေ ရုတ်တရက် ထွက်လာခဲ့တာက ဟဲကျင့် ငယ်ငယ်လေးကတည်းကနေအခုချိန်ထိ အကြီးမားဆုံးကလန်ကဆန်လုပ်ရပ်ဆိုတာ သေချာပါ၏။ ဤ အတွက်ကြောင့် သူသည် ရှုပ်ထွေးပြီး စိုးရိမ်ပူပန်နေမိသည်။ သို့သော် အဆုံးတွင်တော့ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို မခံနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

မနက်ခင်းမှာ သူ့ကို နှိုးတဲ့ စိတ်ရှုပ်စရာကောင်းတဲ့အသံလည်းမကြားရတော့ပါ။ ဟဲကျင့် ဟာ နောက် ဆုံးတော့ ကောင်းကောင်းအိပ်ခဲ့ရပြီပင်။ သူတော် တော်လေး တက်ကြွနေသလိုတောင် ခံစားရပါတယ် နော်။သူသည် အခန်းကိုတစ်ချက်စစ်ပြီးနောက်တွင် မနေ့ကသွားခဲ့သော ကော်ဖီဆိုင်သို့ပြန်မသွားထင် အောက် မှာတခုခု စားခဲ့သေးသည်။

အလုပ်လျှောက်လွှာတင်တဲ့ လုပ်ငန်းစဉ်က အတော်လေး လွယ်ကူပါတယ်။ မန်နေဂျာသည် လူငယ်တစ်ဦးဖြစ်ပြီး ယွမ်တက္ကသိုလ် မှ ဘွဲ့ရ
ကျောင်းသားတစ်ဦးဖြစ်သည်။ ဟဲကျင့်ကို သူက K လို့ ခေါ်စေတယ်။ သူကချမ်းသာတဲ့ မိသားစုက မဟုတ်တဲ့အတွက် A မြို့ မှာ ကျူရှင်ခတွေ ရအောင်ရှာခဲ့ရတဲ့သူပင်။ သူသည် အလွန်ခေတ်ဆန်ကာဆံပင် ကိုလည်းအကြေကောက် ကောက်ထားသေး၍ ဘယ်ဘက်နားတွင်လည်းနားပေါက်ဖောက်ထားလသည်။

ဟဲကျင့်သည် အလွန်သန့်ရှင်း၍ ယဉ်ကျေးပြီး အင်္ဂလိပ်စကားပြောလည်းအလွန်ကောင်းမွန်ကြောင်း လူငယ်ကမြင်သောကြောင့် သူ့ကိုငှားရမ်းရန် မတွန့် ဆုတ်ခဲ့ပေ။ သူဘာကြောင့် အလုပ်လာလျှောက်တာလဲ မမေးခဲ့ပဲ မသင့်တော်တဲ့မေးခွန်းတွေလည်းဘာမှမမေးခဲ့​ချေ။

ဟဲကျင့်သည် ယာယီအလုပ်သမားတစ်ဦးသာဖြစ် သည်။ သူသည် သင့်တင့်လျောက်ပတ်သော လစဉ်ဝင်ငွေကို မရရှိနိုင်သည့်အပြင် အချိန်ပိုလုပ်ခ သို့မဟုတ် နှစ်ဆပေးဆောင်ခြင်းကဲ့သို့သော အကျိုးခံစားခွင့်များကိုလည်း မခံစားနိုင်ပါ။ ထို့အပြင် ဝန်ထမ်း ရှားပါးမှုလည်း ရှိခဲ့သည်။ လူတိုင်းက အချိန်နှစ်ဆိုင်း ဆင်းရသည်။ နံနက်9 နာရီမှ ည 9 နာရီအထိ စုစုပေါင်း 12 နာရီ အလုပ်ဆင်းရပြီး သူ တို့အားလုံး နေ့စဉ်လုပ်အားခ ရရှိကြသည်။ ဟဲကျင့် သည် ဤစိန်ခေါ်မှုအဆင့်တွင် အလုပ်တစ်ခုရှာနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်နေပြီဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now