081:ဟဲကျင့်ရဲ့အမေ

757 161 4
                                    

Unicode

ဟဲကျင့် သည် သူ့အဖေလက်ထဲရှိအကြွေစက္ကူလေးများကိုတွေ့လိုက်ရသောအခါတွင် သူစိတ်မကောင်းဖြစ်မိသည်။ သူက သူ့အဖေရဲ့လက်ကိုဆွဲပြီး ပိုက်ဆံကိုသိမ်းခိုင်းလိုက်ကာ

"မလုပ်နဲ့ တက္ကစီခကျွန်တော်ပေးလိုက်မယ်။"

တက္ကစီခေါ်ပြီးနောက် ဟဲကျင့်က တံခါးကိုဖွင့်ပြီး သူ့အဖေကို အရင်ဝင်ခိုင်းလိုက်သည်။ သူ့ခရီးဆောင်အိတ်ကို ကားနောက်ခန်းမှာ ထားလိုက်ပြီးတော့နောက်ခုံမှာပဲသူ့အဖေနဲ့ ဘေးချင်းကပ်ထိုင်လျက်လိုက်သွားတော့သည်။

"ညစာစားပြီးပြီလား?"ဟဲကျင့်က သူ့ကို မေးတယ်။

သူ့အဖေပြန်ပြောလာသည်ကတော့

"မစားရသေးဘူးလေ မင်းနဲ့ အတူတူစားဖို့စောင့်နေတာ"ဟူ၍ပင်။

"ဘာလို့ကျွန်တော်ကိုစောင့်နေတာလဲဗျာ ကျွန့် တော့်ကိုယ်ကျွန်တော် အငတ်မခံပါဘူး"

ဟဲကျင့်ကသူ့နာရီကိုကြည့်လိုက်ရာ အိမ်ပြန်ရောက် ချိန်က 8:30 လောက်မှဖြစ်နိုင်သည်။သူ့အတွက်က ညစာနောက်ကျမှစား တာကပြဿနာမဟုတ်ပေ။သူအိပ်ဆောင်မှာလည်းနောက်ကျမှစားတတ်သည်။ဒါပေမယ့် သူ့မိဘတွေကတော့မတူပေ။ နှစ်ယောက် လုံးက အလုပ်မှအနားယူပြီးနောက် ညနေ 5 နာရီဆို ညစာစားလေ့ရှိပြီး အခုကတော့ သူနဲ့အတူတူစားဖို့ စောင့်နေတဲ့ အတွက်ကြောင့် အခုချိန်လောက်ဆိုဆာနေလောက်ပြီပင်။ဒါကိုတွေးမိပြီး ဟဲကျင့် စိတ်ဆင်းရဲရပြန်သည်။

ချင်ယွီက သူ့အတွက်ဝယ်ပေးထားတဲ့ အစားအစာအိတ် ကိုဖွင့်လိုက်ကာသူ့အဖေအတွက် အဲဒီဆူရှီဘူးကိုပေးချင်ခဲ့သည်။သို့သော်ထိုဆူရှီများသည်အေးစက်နေလေသည်။ သူ့အဖေရဲ့ အစာအိမ်က မကောင်း သည့်အတွက် ပိုလို့တောင် အဆင်မပြေဖြစ်နိုင် တယ်။ သူသည် ထိုအကြံကို စွန့်လွှတ်ရုံသာတတ်
နိုင်၏။

နှစ်ယောက်လုံး စကားအများကြီး မပြောဖြစ်ခဲ့ကြပါ။တစ်လျှောက်လုံးနီးပါးပါပဲ။သူတို့ခရိုင်ကိုရောက်တဲ့အခါမှာတော့ဟဲကျင့်ရဲ့အဖေက သူ့အိတ်ကပ် ထဲကပိုက်ဆံကိုနှိုက်ပြန်သည်။ဟဲကျင့်က သူ့လက် ကောက်ဝတ်ကိုကိုင်ကာ လှမ်းတားလိုက်ပြီး သူ့ရဲ့ e အကောင့်ကနေအလျင်အမြန်ငွေပေးချေလိုက်တော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now