092:Fan ကောင်းမူအကြောင်းပြု၍

846 181 6
                                    

Unicode

နောက်တစ်နေ့မနက်တွင်တော့ ချင်ယွီကတကယ်ပဲကားမောင်းပြီးလိုက်ပို့ပေးခဲ့သည်။ဒါပေမယ့်လည်းမနေ့ညကကိစ္စကြောင့် တစ်ဖက်လူအမူအရာမှာကြည့်လို့ကောင်းမနေခဲ့ချေ

အသိအသာကြီးပင် သူဟဲကျင့်ကို နီးကပ်အောင်ဆွဲခေါ်ခဲ့သော်လည်းသူတို့ကြားမှာနံရံတစ်ခုကာခြားနေသေးသည်။ပြီးတော့ဟဲကျင့်ဆီကနေပိုပြီးတော့ဝေးကွာနေသလိုတောင်ခံစားနေရသေးတယ်။အဆိုးဆုံးကတော့သူဘာမှလုပ်လို့မရတာပဲ။ကြည့်ရတာဟဲကျင့်ကသူ့ကိုမကြိုက်ဘူးထင်ပါတယ်။ဒီလိုရှုပ်ထွေးလှတဲ့ခံစားချက်တွေကချင်ယွီကို ရူးသွပ်သွားမတတ်ပင်ဖြစ်စေပါ၏။

ဟဲကျင့်အတွက်လည်း အရမ်းတွေလွယ်ကူမနေခဲ့ကာသူသတိထားပြီး ချင်ယွီနဲ့ခပ်ခွာခွာနေလိုက်တယ်။ သူ့မှာ မပြတ်သားနိုင်ဘဲ ချင်ယွီဟာနောက်ပိုင်းမှာ သူဘယ်လိုတွေးလဲဆိုတာကို သိလာမှာကိုလည်း သူစိုးရိမ်ခဲ့ရလေသည်။။

ချင်ယွီကဟဲကျင့်ကို အလုပ်ခွင်မှာချပေးကာ ထွက်သွားခဲ့တယ်။ ပြီးတော့ သူက အမူရာမဲ့စွာဖြင့် ဟဲကျင့်ကို ညကျလာကြိုမယ်လို့လဲပြောသွားသေး၏။

K စောစောကရောက်နေသည့်အတွက်ကြောင့် ချင်ယွီကဟဲကျင့်ကိုအလုပ်လိုက်ပို့တာကိုမြင်ပြီးစနောက်လာပြန်သည်။

"ကြည့်စမ်း သူက မင်းကို ဒီထိမောင်းပို့ပေးလာတာတောင် မင်းတို့နှစ်ယောက်ကအတန်းဖော်လို့ပြောတယ်ပေါ့လေ အဲ့လိုစဉ်းစားပေးတဲ့ အတန်းဖော်ရှိတယ် ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနော်?"

ဟဲကျင့်ဟာအတွေးရိုင်းတွေပေါ်လာကာ ချင်ယွီကသူ့ကိုချစ်နေတယ်လို့တောင်ထင်မိလိုက်သေးတယ်။ဒါပေမယ့်လည်း အရင်က ကျန်းရှောင်ပြောခဲ့တဲ့ မြတ်နိုးရတဲ့သူကိုရောဘယ်လိုလုပ်မလဲ?ပြီးတော့တကယ်လို့ချင်ယွီကဟဲကျင့်အတွက် အဲ့လူကိုစွန့်လွှတ်လိုက်တယ်ပဲထားပါတော့ သူကရော မီးကိုဘယ်လိုလုပ်ရမလဲနော်?သူကလက်တွေ့ကလက် တွေ့ ဂိမ်းကဂိမ်းမှန်းသိပေမယ့်လဲ တကယ်လို့ သူ့မှာလက်တွေ့ရည်းစားရှိနေရင် မီးသေလောက်အောင်စိတ်ဆိုးသွားမှာပေါ့ မဟုတ်ဘူးလားဟင်? (=_=)

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now