131:အပြင်မှာပြောင်းနေမယ်

615 120 0
                                    

Unicode

ကောလာဟလများ စတင်ထွက်ပေါ်ချိန်တွင်တော့ ဟဲကျင့်သည်  အနည်းငယ် အဖျားရှိနေခဲ့သည်။ သူ နေမကောင်းသည့်အတွက်ကြောင့် အချိန်အများစုက အိပ်ဆောင်မှာပဲရှိနေခဲ့တာပင်။ထို့ကြောင့်ကောလဟာလတွေကို သူ သတိမထားမိသေးပါချေ။

အတင်းအဖျင်းပြောခြင်းသည် လူ့သဘာဝတစ်ခုသာဖြစ်သော်လည်း ဟွားတက္ကသိုလ် ကဲ့သို့ တက္ကသိုလ်များတွင်တော့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲနေထိုင်ပြီးအတင်းအဖျင်းတွေကို ဂရုမစိုက်တတ်တဲ့ ကျောင်းသားအများစုရှိနေဆဲဖြစ်သည်။သူတို့ထဲမှာတော့ ခေါင်းကြီးနဲ့ ဟဲကျင့်ရဲ့မျက်နှာချင်းဆိုင်အခန်းမှချီကော တို့ပါလေသည်။

ချင်ယွီကအစားအသောက်တွေဝယ်ပေးပြီးစားရေးသောက်ရေးကိုဂရုစိုက်ပေးခဲ့သည်။ အချိန်တန်ရင် တော့ ဟဲကျင့်ကိုဆေးသောက်ဖို့တို့အိပ်ဖို့တို့ကို
သတိပေးတတ်လေသည်။ သူက အရမ်းကိုဂရုစိုက် တတ် တဲ့ ချစ်သူကောင်လေးပါပဲ။ ဟုန်တုန်ယွမ် သည် တစ်စုံတစ်ခုအကြောင်းကို ကြားသိခဲ့ရသော်လည်း ချင်ယွီ၏ သတိပေးချက်အောက်တွင် ဟဲကျင့်ရဲ့ရှေ့၌ ၎င်းကို မပြောဝံ့တော့ပေ။ ထို့ကြောင့် ဟဲကျင့် တစ်ခုခုမှားနေပြီဟု သိလိုက်ရချိန် တွင် တော့ တစ်လခွဲခန့်ကြာနေပြီဖြစ်သည်။

တစ်နေ့တော့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ကို ရုံးခန်းသို့လာရန်ခေါ်ခဲ့လေသည်။ အစကတော့ ဟဲကျင့် က သုတေသီကိစ္စနဲ့သက်ဆိုင်တယ်လို့ ထင်ပြီး အဲဒီနေရာကို အမြန်ပြေးသွားခဲ့လေသည်။ မျှော်လင့်ထားသလိုပဲ အဲဒါနဲ့ပတ်သက်တဲ့ကိစ္စအမှန်ပါပဲ

"ရှောင်ဟဲ မင်းက သုတေသနပညာရှင်တစ်ယောက် ဖြစ်ဖို့ စိတ်ကူးထားပြီးပြီလား?"

ပါမောက္ခလီသည် အကြောင်းအရာဆီသို့ တိုက်ရိုက် ပဲသွားခဲ့သည်။

"အဲဒါကို ကျွန်တော်စဉ်းစားနေတုန်းပါပဲ။"

ဟဲကျင့် အနည်းငယ်ရှက်သွားသည်။

"မင်းပြီးခဲ့တဲ့ semesterတုန်းကလည်း အမှတ်ကောင်းကောင်းရခဲ့ပြီး ပညာသင်ဆုလည်း ထုတ်ပေးပြီးပြီနော် မင်းလက်ခံပြီးပြီလား ?ဒီတိုင်းပဲဆက်ကြိုးစားသွားနော်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now