137: အနာဂတ်ကမှောင်မိုက်သွားပြီ

592 108 12
                                    

Unicode

ထိုညတွင်တော့ ဟဲကျင့် သည် သူ့အဖေနှင့်အတူ အမြန်ရထားဘူတာရုံသို့ သွားခဲ့သည်။ စက်တင်ဘာလတွင်တော့ အေးနေပြီပင်။ သူမှတ်မိသလောက်ဆို အိမ်မှာလဲစရာအကျ်ီ ရှိသေးတာကြောင့် သူချင်ယွီနဲ့ နေတဲ့တိုက်ခန်းသို့မပြန်တော့ပဲနဲ့ ချင်ယွီဆီဖုန်းပဲခေါ်လိုက်တော့သည်။

ချင်ယွီသည် ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးနောက် ကြော်ငြာ အလုပ်များစွာရခဲ့သည်။ အဲဒီနေ့တွေမှာ သူကရိုက်ကူးရေးတွေနဲ့အလုပ်ရှုပ်နေခဲ့ပြီးကျောင်းကနေ ရက်အနည်းငယ် ခွင့်ယူခဲ့ရလေသည်။ သူအခုထိအိမ်ပြန်မရောက်သေးချေ။ဟဲကျင့်က Q မြို့ကိုပြန်ရမယ်ဆိုတာကိုသိလိုက်ရတော့ သူစိုးရိမ်သွားကာမေးလာတော့သည်?

"မင်းဘာလို့ပြန်သွားဖို့လိုတာလဲ?ဘာဖြစ်လို့လဲ?"

"အမေ နေမကောင်းဘူးတဲ့ ငါ့အဖေလာရှာတယ်"

ဟဲကျင့်ကချင်ယွီကို စိတ်မပူစေချင်တဲ့အတွက်ကြောင့်ဒီအကြောင်းအရာကိုပဲပြောခဲ့လေသည်၊၊သူချင်ယွီကိုဖုန်းဆက်ချိန်မှာတော့ အမြန်ရထားဘူတာကိုရောက်နေပြီပင်။သူ့အဖေကအနီးအနား မှာဆေးလိပ်သောက်နေခဲ့ပြီး သူ့အဖေကြားမှာစိုးလို့ တိုးတိုးတိတ်တိတ်သာပြောခဲ့သည်။

ချင်ယွီသည် ဟဲကျင့်၏ဉီးထုပ်ကို ပစ်ပေါက်ခဲ့ပြီး ဟဲကျင့်အား ဒဏ်ရာအနာတရများစွာ ချန်ထားခဲ့သော "ယောက္ခမ" အားအမြင်မကြည်ချေ။ သူသည်ဟဲကျင့် နှင့် သူ၏ဆက်ဆံရေးကိုထိခိုက်စေမည့် ဤ BOSS ကြီးကြောင့် စိုးရိမ်သွားကာပြောလာတော့သည်။

"နေမကောင်းဘူးလား? သူမလိမ်နေတာလား?"

ဟဲကျင့်က အနည်းငယ် ဒေါသထွက်သွားပြီး "ချင်ယွီ ဒီလိုကိစ္စမျိုးကို လက်လွတ်စပယ်မပြောနဲ့!"

သူအရမ်းစိတ်ရှုပ်နေတာကိုချင်ယွီကဒီလိုတွေပြောလာတယ်?

ဟဲကျင့် ၏လေသံကိုကြားတော့ ချင်ယွီသည် တစ်ခုခုမှားနေပြီဟု သဘောပေါက်လိုက်ကာဖြင့် သူအလျင်အမြန်တောင်းပန်လိုက်တော့သည်။

"တောင်းပန်ပါတယ် ငါကမင်းထပ်နာကျင်မှာစိုးရုံပါပဲ"

ဟဲကျင့် သက်ပြင်းချလိုက်သည်။ အခြေအနေမှန်ကို မသိခင်မှာ သူချင်ယွီကို ရှင်းပြချင်စိတ်မရှိသေးချေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now