052: လင်နှင့်မယားတာဝန်များ

863 159 4
                                    

Unicode

ချင်ယွီက သူ့ပတ်ဝန်းကျင်က အတင်းအဖျင်းတွေကို လျစ်လျူရှုလိုက်သည်။ဟိုလိုဂရပ်ဖစ် ဗားရှင်းသည် ယခုမှ ထွက်ခါစ ဖြစ်ကာ လာမည့်အသင်း
တိုက်ပွဲသည် ဂိမ်းမာစတာများကြားတွင် အဓိကစိုးရိမ်စရာဖြစ်သော်လည်း အခုချိန်တွင်တော့ ကစားသမားများသည် အမျိုးမျိုးသောလုပ်ဆောင်ချက် အပြောင်းအလဲများနှင့် ရင်းနှီးကျွမ်းဝင်စေရန်
အတွက် ရော ပျော်ရဖို့ အတွက်ကိုပဲအာရုံစိုက်တုန်းပင်

ရေသေ နှင့် သူ့အဖွဲ့သည် Dungeon ထဲတွင် ပထမဆုံးသတ်ဖြတ်ခြင်းများကို အမှန်တကယ် ဂရုမစိုက်ပေ၊ ဤနှစ်ရက်အတွင်း ကိုပန်ဟန်ဂန် ဒတ်စ် သည် နေရာတိုင်းတွင် သူ၏အင်အားကို ဖြန့်ကျက်ပြီး အဆင့်လေးဆယ် သို့မဟုတ် ငါးဆယ် Dungeon များကိုပင် ပထမဆုံး သတ်ဖြတ်ခဲ့ကြောင်း သူတို့ကြားသိခဲ့ရသည်။ ယင်းကြောင့် အဆင့်နိမ့်ကစားသမားများကို စိတ်ပျက်သွားစေပြီး ဂိမ်းကုမ္ပဏီအား အခြေအနေမမျှတမှုအကြောင်း၊ကြီးမြတ်တဲ့ နတ်ဘုရားများ နှင့် ယှဉ်ပြိုင်ရလျှင် ၎င်းတို့၏ စွမ်းအားသည် မည်သို့မှပင်မမျှမတ
ဖြစ်နေကြောင်းတုံ့ပြန်ချက်များပေးခဲ့သည်။

သို့သော်လည်း ဂိမ်းကုမ္ပဏီက "အောင်မြင်နိုင်တဲ့သူတွေရှိတယ်" လို့သာ တုံ့ပြန်ခဲ့လေသည်။ ဆိုလိုသည်မှာ အရည်အချင်းမရှိသော ကစားသမားများသည် မနာလိုစိတ်ဖြင့်သာ ကြည့်နိုင်သည် ဟူ၍သာ။

ချင်ယွီ၏ ရပ်တည်ချက်ကတော့ Dungeon ပထမဆုံးသတ်ဖြတ်ခြင်း အတွက် အဆင့်နိမ့် ကစားသမားများနှင့် ယှဉ်ပြိုင်ရန်မှာ အလွန်နိမ့်ကျ
သည်ဟုထင်သည် ။ သူသည် စိန်ခေါ်မူမရှိသည့် အရာများကို လုပ်ရန် စိတ်မဝင်စားပဲ ရေသေ မှ
ဖွဲ့စည်းထားသော မာစတာအဖွဲ့၏အဖွဲ့ဝင်များက
လည်း အလားတူအတွေးမျိုးရှိခဲ့သည်။ Dungeon ပထမဆုံးသတ်ဖြတ်ခြင်းအတွက် ဆုလာဘ်များသည် အများအားဖြင့် အသုံးများသော Exp နှင့် ပစ္စည်း များသာ ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ဟုန်မင် ကိုအနိုင်ယူရာမှ ရရှိခဲ့သော ကျောက်တုံးအပြာ သည် ဟိုလိုဂရပ်ဖစ်၏ပထမဆုံးသတ်ဖြတ်ခြင်းအတွက် ဆုလာဘ်ဖြစ်သောကြောင့်သာ ကွဲပြားနေခြင်းပင်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Onde histórias criam vida. Descubra agora