017: အပြန်အလှန် အကျိုးရှိတာပဲလေ

1K 195 2
                                    

Unicode

"Demon God" ၏ ကမ္ဘာ့မြေပုံကို သာမန်ကမ္ဘာကောင်းကင်ဘုံ၊ နှင့် နတ်ဆိုးနယ်မြေဟူ၍ စုစုပေါင်းအလွှာသုံးလွှာဖြင့် ပိုင်းခြားထားသည်။အဆင့် 30 အောက်ကစားသမားများသည် သာမန်ကမ္ဘာတွင်သာ လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်သော်လည်း အဆင့် 30 နှင့်အထက် ကစားသမားများသည် ကောင်းကင်ဘုံနယ်မြေသို့ သွားနိုင်သည်။

သို့သော်  ကောင်းကင်ဘုံ နယ်မြေ သို့သွားရန် ကစားသမားများသည် ပျံသန်းရမည်ဖြစ်ပြီး ထို့ကြောင့် ၎င်းတို့အတွက် ပျံသန်းနိုင်သော စီးတော် လိုအပ်လေသည်။

ကစားသမားတစ်ဦးသည် အဆင့် 30 သို့ တက်လာပြီးနောက် ၎င်းတို့သည်  "Fairy Island" သို့ သွားပြီး Dungeon ဝင်ရန် အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်သည်။ Dungeon ရဲ့ Boss က ကတော့ ကြိုးကြာ နတ်ဆိုးပင်။ထို Boss သေသွားပါက ကစားသမား မှ အဆင့်မြှင့်ရန် အတွက် လိုအပ်တာ များ ကျလာ မည် ဖြစ်သည်။

သို့သော် စာရင်းဇယားများအရ "ကြိုးကြာ" ၏ပစ္စည်းများ ကျနှုန်း သည် ဆယ်ပုံတစ်ပုံသာရှိသောကြောင့်  ဤတာဝန်ကို ဆယ်ကြိမ်ပြုလုပ်ပြီးမှသာ ၎င်းတို့ကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် "Demon God" သည် ကစားသမားတစ်ဦးစီအတွက်  ဤတာဝန်ကို တစ်ပတ်လျှင် တစ်ကြိမ်သာ လုပ်ခွင့်ပေးကာ ကန့်သတ်ထားသောကြောင့် အဆင့် 30 မှ 40 ကစားသမားအများအပြားသည် သာမန်ကမ္ဘာ တွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ပြောရမယ် ဆိုလျှင်အဆင့် 30 ကစားသမားများသည် ကောင်းကင်ဘုံနယ်မြေ တွင်ပေါ်လာရန်မှာ ရှားပါးသည်ဤဂိမ်းတွင် အမှန်တကယ် ငွေသုံးသူများတောင် ပေါ်မလာနိုင်ပေ။ အကြောင်းမှာ အဆင့် 35 နှင့်အထက် ကစားသမားများသာ ဂိမ်းဆိုင်တွင် ပျံသန်းနိုင်သော စီးတော်များကို ဝယ်ယူနိုင်သောကြောင့် ပင်။

ဟဲကျင့် သည် ဒါတွေကို မသိသလို ကောင်းကင်ဘုံကို လည်း တစ်ခါမှ မရောက်ဖူးပေ။ ပြီးတော့  ဂိမ်းထဲမှာ အရမ်းမြင့်တဲ့ အမြင့်မှာ ပျံသန်းရတဲ့ ခံစားချက်ကို ခံစားရတာလည်း သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်ပြီး စိတ်လှုပ်ရှားစရာ အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေတော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now