135:မင်းအဖေရောက်နေတယ်

632 127 4
                                    

Unicode

အခုတော့ဟဲကျင့်မှာ ပုန်းစရာနေရာမရှိတော့ပါဘူးနော် သူ့သူဌေးကလည်းအနည်းငယ်အံ့ဩ၍ ရှုပ်ထွေးနေပုံရသဖြင့် သူက လက်ကိုကို့ရိုးကားယာမြှောက်ကာဖြင့်နှုတ်ဆက်လိုက်တော့သည်။ပြီးနောက်တွင်တော့ နောက်တံခါးကိုဖွင့်ကာဝင်ထိုင်လိုက်တော့လေရဲ့။

ချင်ယွီ: "..."

ချင်ယွီ ကားပါကင်မှ မောင်းထွက်သွားပြီးနောက်ထိပင် ဟဲကျင့်မှာစိတ်မငြိမ်သေးချေ။ မန်နေဂျာ ချွိုင် က ဘယ်လိုထင်မလဲဆိုတာကို သူ အရမ်းစိုးရိမ်ခဲ့လေသည်။ခဏအကြာတွင်တော့ ကားပေါ်ရှိ ပတ်ဝန်းကျင်သည် ထူးဆန်းလာသည်ကို သူခံစားလိုက်ရသည် - ချင်ယွီ သည် ဟဲကျင့်ရဲ့ပြုမူပုံကြောင့် စိတ်ဆိုးသွားခဲ့သည်။

ကားမောင်းနေတဲ့လူက ဒေါသထွက်နေပြီးတိတ်ဆိတ်နေလေသည်။ သူအရမ်းမျှော်လင့်ချက်မဲ့နေသလိုခံစားရတယ်... သူကသေချာပြင်ဆင်ပြီးနောက်မှာတော့ သူ့ချစ်သူကိုပန်းတွေနဲ့ စပရိုက်လုပ်ဖို့ကြံထားတာလေ အခုတော့ ဟဲကျင့်ရဲ့အပြုအမူတွေကသူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်တာပါပဲ

ဟဲကျင့်ကအမြန်ရှင်းပြလာသည်။ "ခုနက လူကငါ့သူဌေး"

"အဲ့တော့ဘာဖြစ်လဲ?"

ချင်ယွီသည် ဟဲကျင့်ကို နောက်ကြည့်မှတဆင့်ဒေါသတကြီးစိုက်ကြည့်နေကာဖြင့်ဆိုလာသည်။သူဘာကိုစိုးရိမ်နေတာလဲဆိုတာ သူသိတာပေါ့

"မင်းရဲ့အလုပ်သင်ကာလကပြီးတော့မှာမလား?"

တကယ်ဆို ချင်ယွီက ဟဲကျင့်ကို ဘွဲ့ရပြီးရင်တောင် အလုပ်မလုပ်စေချင်ပေ။သူကဟဲကျင့်ကိုငွေရေးကြေးရေးထောက်ပံ့ပေးချင််ပြီး ဟဲကျင့်သူ့ကိုပိုမှီခိုစေချင်လေသည်။

ဟဲကျင့်ကသူ့နှာခေါင်းကိုထိကာဖြင့်ပြောလာသည်။

"အခုတော့ပြောဖို့ခက်သေးတယ် တကယ်လို့ငါကောင်းကောင်းလုပ်နိုင်ခဲ့ရင် သူတို့နဲ့ ပိုစောပြီးလက်မှတ်ထိုးနိုင်လိမ့်မယ်။မင်းတွေ့လိုက်တဲ့ မန်နေဂျာကတကယ်ကြီးငါ့ကိုဂရုစိုက်ပေးတယ်လေပြီးတော့ငါဘွဲ့ရပြီးရင်တောင် ဒီအလုပ်မှာလုပ်ဖို့ဆိုတာမသေချာသေးပေမယ့် ငါ့အတွက်အခွင့်ရေးကောင်းတစ်ခုပါပဲ။တကယ်လို့သူသိသွားရင် ငါ့အတွက်မကောင်းနိုင်ဘူး"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now