094:ငါသူ့ကိုသဘောကျတယ်

858 171 3
                                    

Unicode

ချင်ယွီဟာ ဟဲကျင့်ရဲ့နာမည်ကိုခေါ်မိသွားမယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။သူဟာတိုက်ပွဲအတွင်းမှာ သူအမြဲသိမ်းဆည်းထားခဲ့တဲ့အရာကိုထုတ်ပြောမိခဲ့တယ်တဲ့လေ။နောက်မှသူသတိထားမိလိုက်တာက သူထိတ်လန့်သွားတာကြောင့် ဉီးထုပ်ကထိန်းချုပ်မူလွတ်သွားခြင်းဖြစ်ကြောင်းသိလိုက်ရလေသည်။

ဒီဂိမ်းမှာ သူ "ထိတ်လန့်" သွားတာ ဒါပထမဆုံးပါပဲ ဒါကလည်းသူအားကျင့်ကိုတကယ်စိုးရိမ်သွားတာကြောင့်တဲ့လေ...

ကံကောင်းထောက်မစွာ သူတို့သည် လေထဲတွင် ရှိနေကြပြီး တိုက်ပွဲဝင်နေချိန်အတွင်း လေတိုက်သံနှင့်special effect အသံများလည်း ရှိနေသဖြင့် သူဉီးထုပ်ထိန်းချုပ်မူလွတ်သွားတာကိုဘယ်သူမှသတိမထားမိခဲ့ကြဘူး ဒါပေမယ့်လည်း သူဟဲကျင့်လို့အော်လိုက်တဲ့အသံကိုတော့ အကုန်လုံးကြားသွားလောက်တယ်!

ချင်ယွီကနည်းနည်းတော့အသိစိတ်ပြန်ကပ်လိုက်သည်။သူသည် ဖာရက်လေးကျသွားရာ သေမျိုးနယ် မြေဆီသို့လိုက်သွားချင်ခဲ့သည်။ဒါပေမယ့်လိုက် သွားပြီးတော့ရော?ဟဲကျင့်ကိုသူကချင်ယွီဆိုတာကိုဝန်ခံလိုက်ရမှာလား?

တိုက်ခိုက်ရင်းအလုပ်ရှုပ်နေတဲ့ အသင်းဖော်တွေကို ကြည့်လိုက်ရင်း သူ့ကိုသည် အတင်းတည်ငြိမ်အောင် လုပ်လိုက်သည်၊၊

"ထိန်းချုပ်မှုကင်းမဲ့သော" အခြေအနေတစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ အရှုပ်တွေမလုပ်မိစေရန်အာရုံစူးစိုက်ဖို့ပင် အဲ့ဒါမှသူရဲ့အတွင်းစိတ်ထဲက အတွေးတွေကို မသင့်တော် တဲ့အချိန်မှာ မထုတ်ဖော်မိမှာပေ။

တခဏချင်းမှာပဲ ချင်ယွီက သူ့ပတ်ဝန်းကျင်ကလူတွေကိုအော်ပြောလိုက်တယ်။

"လွင့်မျောတိမ်တိုက်,မင်ကျွယ် အဝေးပစ်လေးသမားတွေက အရှေ့ဖက်မှာပြန့်ကျဲနေတာ ငါတို့တွေသူတို့ကို အနီးကပ် တိုက်ခိုက်ကြမယ်!"

အရိုက်ခံရတာကို မရှောင်နိုင်တဲ့သူတွေဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်နေဘူး ဒါက သူတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ အကောင်းဆုံး အခိုက်အတန့်ပဲ!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now