013: အသံတွေက ဆင်တူနေတယ်

1K 194 5
                                    

Unicode

တက္ကသိုလ်အရှေ့တံခါးဖက်သည် ကားအသွားအလာပေါလေသည်။မိန်းကလေးများသည် ကားကိုတားလိုက်ကာ သူတို့သည် ယောကျ်ားလေးများထက် အရင်ထွက်သွားကြလေသည်။

ကျောက်ရှီပိုင် သည် သူတို့ထဲတွင်လူကောင် အကြီးဆုံးဖြစ်သောကြောင့် သူသည် ရှေ့ထိုင်ခုံကို ထိုင်ရလေသည်။ဟဲကျင့် သည် ပိန်လှီသောခန္တာကိုယ်ကြောင့် နောက်ထိုင်ခုံအလယ်တွင်သာညှပ်ထိုင်ရသည်။

သူတို့ သည် ကားကို ပျံနေလို မောင်းနှင်သော ကားသမား ငှားထား မိကြောင်း မသိခင်အထိ အဆင်ပြေနေသေးသည်။ မနက်အစောကြီးမှာတင် ကြက်သွေးတွေ ထိုးသွင်းခံထားရသလိုပဲ ကားမောင်းနေရင်း တစ်ချိန်လုံး ဘရိတ် ကို အရှိန်ပြင်းပြင်းနဲ့ အုပ်နေလေသည်။

ဟဲကျင့် ၏ ခန္ဓာကိုယ်သည် ဘယ်ညာ ရိမ်းယိုင် နေပြီး ချင်ယွီ နှင့် ရှန် ၏ ခန္ဓာကိုယ် ကိုဝင်တိုက်မိနေသည်။

[T/N: ကြက်သွေးထိုး= မူးယစ်ဆေးထိုးထားပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသူ]

ခရီးသည် ကားမောင်းရသည်မှာ နာရီဝက်ခန့် ကြာသည်။ မိနစ် 20 အကြာမှာတော့ ဟဲကျင့် ဟာ ဗိုက်ဆာလာပြီး ကားထဲမှာ ပေါင်မုန့်တစ်လုံးစားဖို့ ကြိုးစားခဲ့ပေမယ့် ဗိုက်ထဲမရောက်ပဲ တစ်ဝက်လောက်ကို စွန့်ထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့လာကာ ခေါင်းတွေ မူးဝေလာသည်။

ဤ "ရေကန် ခရီး" သည် မြို့၏အကျော်ကြားဆုံး "ကွမ်းမင်ကန်ရှုခင်းသာဧရိယာ" တွင် တည်ရှိသည်။ ဆောင်းရာသီ,နွေဦးရာသီ, နွေရာသီနှင့် ဆောင်းဦးရာသီများတွင်ဖြစ်စေ ဤနေရာသို့ ကမ္ဘာလှည့်ခရီးသည်များ အမြဲလာရောက်လေ့ရှိသည်။

ကံကောင်းစွာပင် ဆောင်းဦးနောက် ပိုင်းမလို့ လူနည်းနေသည်။ ဟဲကျင့် သည် လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်က တက္ကသိုလ်ဝင်ခါစတွင် သူနှင့် အခန်းဖော် အသစ်များ နှင့်အတူ ဤနေရာကို တစ်ခေါက်ရောက်ဖူးသည်။

ယခုမူ ဟဲကျင့် သည် သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ အချိန်တွေ ဘယ်လောက်မြန်မြန် ကုန်လွန်သွားလဲဆိုသည့် အတွေးကို တွေးမိလိုက်တော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now