053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု

827 154 4
                                    

Unicode

ထိုသို့သောတာဝန် မျိုး နှင့်ရင်ဆိုင်ရလျှင် တစ်ယောက်ယောက်ကတော့ မီးက အရင်လို ဟဲကျင့်ကို တိုက်ရိုက်ဆွဲနမ်းလိမ့်မည်ဟု ထင်လိမ့်မည်။သို့သော် ဤနေရခက်သော အခြေအနေတွင် သူသည်  ထိုမေးခွန်းကို ထုတ်ပြောကာ ဟဲကျင့်ကို အသူတရာချောက်နက်ကြီးထဲသို့ တိုက်ရိုက်ဆွဲချ၍ သူ့နှလုံးသားကို ကြေကွဲစေသည် ။

"ငါမင်းကိုထပ်ခုန်အုပ်ရင် မင်းကြောက်သွားမှာစိုးလို့ဒါကြောင့် ဒီတစ်ခါ မင်းဖက်ကပဲအရင်စလိုက်နော်။"

မီးက ဟဲကျင့်ကို ငဲ့ညာသလိုပြောကာ ငုတ်တုတ်
ထိုင်ချလိုက်သည်။ သူက သူ့မေးစေ့ကို ဟဲကျင့် ဖက်သို့ ဝင့်ကြွားစွာမြှောက်ထားကာ  ဟဲကျင့် လှုပ် ရှားလာမည်ကို စောင့်နေလေသည်။

ဟဲကျင့်: "..."

ထိုအခိုက်တန့်တွင်တော့ ဟဲကျင့်သည် ဘာကို
အပြစ် ရှိစိတ် ဘာကိုရင်ထဲထိတာတုန်း အကုန်လုံးတိမ်ထဲလွင့်မြောသွားပြီ။ဂိမ်းမှာ မီးနဲ့ စုံတွဲ တာဝန် လုပ်ဖို့ ဆုံးဖြတ်တာက သူ့ဘဝမှာ ရယ်ရဆုံးသော ဆုံးဖြတ်ချက်ပဲ!

အထူးသဖြင့် ဒီ ညစ်အပတ် ဟိုလိုဂရပ်ဖစ်ပဲ ဒီဟာက သူ့ရဲ့ သိက္ခာကို အလျင်အမြန်ဖျက်ဆီးနိုင်တဲ့ နည်းလမ်းပဲ!

ဟဲကျင့် သည်မီး ၏ အပြုံးကို ကြည့်ကာ စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူကိုယ်တိုင်လည်း ယောက်ျားလေးပဲ ကို ဘာလို့ တခြားယောက်ျားလေးရဲ့ လှည့်စားတာကိုခံရတဲ့ မိန်းကလေးလို ဖြစ်နေရတာလဲ?

ဘယ်လိုပဲ ဖြစ်ဖြစ် မီးက သူရဲ့ ပုံစံအမှန်ကို မသိနိုင်ဘူးလေ သားရဲကို စီးရင်လည်း သူ့ယောကျ်ားအနေနဲ့ ဖက်တာပဲ ယောကျာ်းလို့လည်းခေါ်ပြီးပြီပဲ နမ်းတာလေးပဲ ကို ဘာလို့မဖြစ်နိုင်ရမှာလဲ?ဟဲကျင့်ဟာ ထိုသို့တွေးလိုက်ကာ သက်ပြင်းချလိုက်တော့သည်။

မီး ၏အမူအရာကို လျစ်လျူရှုရန်ကြိုးစားပြီး အခြားလူ၏ဦးခေါင်းကို ဝိဉာဉ် ကင်းမဲ့နေသော ဝက်တစ်ကောင် အဖြစ် စိတ်ကူးကာ ရှေ့တိုးလိုက်၍ အလျင်အမြန်မှီလိုက်သည်။

ခဏတာ အထိအတွေ့အဖြစ်သာ သူရည်ရွယ်သော်လည်း သူ နီးကပ်လာသည်နှင့်အမျှ မီးရဲ့ လက်သည် သူ့အနားသို့ရောက်လာကာ ဆွဲဖက်၍ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တာက ကလေးလိုပဲ!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now