035:မင်းမိန်းမက ယောကျ်ားလေး

1.1K 197 3
                                    

Unicode

ဟဲကျင့် : "ဘာပို့စ်တွေလဲ?"

ဟုန်တုန်ယွမ်: "ငါ ဦးထုပ်နဲ့ပတ်သက်ပြီး ကစားသမားတွေရဲ့ တုံပြန်ချက်တွေ ဒီတိုင်းရှာလိုက်တာ အဲ့မှာ မထင်မှတ်ပဲ တစ်စုံတစ်ယောက်က မနက်ကတည်းက ဦးထုပ်ကို သုံးပြီး ဂိမ်းထဲဝင်ဖို့ ကြိုးစားခဲ့တာ အခုအချိန်အထိ အောင်မြင်စွာ ဆင်းသက်နိုင်ခြင်းမရှိသေးဘူးတဲ့ သူက Log In ID မှားတာကို အမြဲသတိပေးခံနေရတယ် လို့ပြောတယ် ဒါကြောင့် အခု သူက နှောင့်နှေးတဲ့အတွက် ဦးထုပ်ကို ကြိမ်းမောင်းပြီး အလုပ်ရှုပ်နေတယ်..."

ဟဲကျင့် လည်း စိတ်ဝင်စားသွားကာ သူ့ကုလားထိုင်ကို အနီးသို့ဆွဲယူကာ တစ်ချက်ကြည့်လိုက်သည်။ ဟုန်တုန်ယွမ်သည် တရားဝင်ဖိုရမ်အောက်တွင် ဆွေးနွေးသည့်အကြောင်းအရာများကို ကြည့်ရှုနေခြင်းဖြစ်ပြီး ထိပ်တန်းတစ်ခုမှာ ကစားသမားများ၏ ဦးထုပ်စမ်းသပ်မှုဆိုင်ရာ အတွေ့အကြုံများအကြောင်းဖြစ်သည်။ ပို့စ်ကို တင်ထားသည်မှာ နေ့တစ်ဝက်ပဲရှိသေးသော်လည်း ဆွေးနွေးမှု စာမျက်နှာ ရာနှင့်ချီရှိနေပြီဖြစ်သည်။

ဟုန်တုန်ယွမ်သည် ဟဲကျင့် မြင်နိုင်ရန် စာမျက်နှာအနည်းငယ်ကို ရွှေ့လိုက်သည်။

"Log In ID မှားနေလို့ ဝင်လို့မရနေဘူး ငါတစ်ယောက်ထဲဖြစ်နေတာလားဟင်?"

"အပေါ်ကမှတ်ချက် မင်းတစ်ယောက်တည်းမဟုတ်ဘူးဟေး! ငါဦးထုပ်ဆောင်းထားတာ နေ့တစ်ဝက် ရှိနေပြီ Log In ဝင်တဲ့ နေရာမှာ တစ်နေတုံးပဲ! ငါက ဘာကိုတွေးပြီး ဉီးထုပ်က ဘာကိုထည့်မှာလဲလို့!ဖျက်တာက လည်း ရိုးရိုးရှင်းရှင်း မဟုတ်ဘူးနေဘူးနော်! ဒီဦးထုပ်က နှေးကွေးနေရော!"

"ဟိုလိုဂရပ်ဖစ်ဂိမ်းတွေကို ကစားတာက အာရုံစူးစိုက်မှုများစွာလိုအပ်တယ် အာရုံပျံ့လွင့်လွယ်တဲ့သူတွေကတော့ ကောင်းကောင်းမကစားနိုင်ဘူးဆိုတာတော့ အသေအချာပဲဟေး!"

"မားရေ ဒီဉီးထုပ်က ကြောက်စရာကောင်းလိုက်တာ သူကအားလုံးသိမယ်လို့ငါထင်တယ်!ဒါကြီးကအနက်ရောင်နည်းပညာပဲ!"

"ဟုတ်တယ်မင်းစိတ်ထဲမှာ ပေါ်လာသမျှကို ဇာတ်ကောင်ရဲ့အမူအရာမှာ ပြနေတာဟ!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now