068: အချိန်မရှိသေးဘူး

923 172 4
                                    

Unicode

ဟဲကျင့် သူအနိုင်ကျင့်ခံရလား မခံရလားကို သူမသိတော့ပေ ဒါပေမယ့် လွှမ်းမိုးချင်တဲ့ပုံစံနဲ့ ရက်စက်တဲ့ပုံနဲ့ ချင်ယွီက သူ့ကို တနည်းနည်းဖြင့် မီး သူ့ကို ကွင်းထဲမှာ သတ်ခဲ့တဲ့ နတ်ဆိုးဆန်ဆန်ပုံရိပ်ကို
အမှတ် ရစေခဲ့သည်။

ပုံမှန်မဟုတ်တဲ့ ဆင်တူရိုးမားဖြစ်စဉ်ပဲနော်

သူ့နှလုံးသားထဲက ချဉ်စူးနေတဲ့ ခံစားချက်က  သူခံစားနေရသည့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုထက် ပင် ပို၍အဆင်မပြေနေပါ။ ဟဲကျင့် က သူ ဒီဟာကို ထိုက်တန်တယ်လို့ ယူဆသည် ဘာလို့လဲဆို သူက မီးကို ဂိမ်းထဲမှာ အကြွေးတင်နေပေမယ့် ဒီလိုစကားတွေ ပြောထွက်ခဲ့သေးတယ်လေ ထို့ကြောင့် အခု ချင်ယွီရဲ့ ရိုက်နှက်ခြင်းကို ခံရသည်ကို သက်သာရာရသွားသလိုခံစားလိုက်ရကာ သူ့ရဲ့ အပြစ်ဒဏ်အနေဖြင့်လက်ခံလိုက်လေသည်။

သူ ခေါင်းငုံ့လိုက်ပြီး ခဏအကြာတွင်တော့ ချင်ယွီသည် သူ့ဘေးတွင် ရတ်ကတ်ကို ချကာ လှည့်ထွက် သွားသည်ကိုတွေ့လိုက်ရသည်။

ဟဲကျင့် ရုတ်တရက်ကြောင်သွားသည်။ သူ့မျက်လုံးများက ချင်ယွီ၏ နောက်ပြန်လှည့်သွားသည့်ပုံစံကို လိုက်ကြည့်ကာ ထိုလူသွားနေသည့်နေရာကို မှန်းဆလိုက်သော်လည်း ချင်ယွီသည် သူတို့ကစားနေသည့် နေရာနှင့် မဝေးလှသော အလိုအလျောက် အရောင်းစက်ဆီသို့သာ သွားခဲ့သည်။

ချင်ယွီ သည် 7up ဗူးနှစ်ဗူးကို ယူလာကာ တစ်ဗူးကို သူ့ဆီသို့ ပစ်ပေးပြီးနောက် ဘေးနားတွင် မြေပေါ်၌ သူ့လက်တံရှည်များကို နောက်သို့ထောက်ကာ ဝင်ထိုင်လိုက်သည်။

ဟဲကျင့်သည် အအေးဗူးကို ဖွင့်လျက် ချင်ယွီက သူဗူးကို လွယ်လွယ်လေးနဲ့ ဖွင့်လိုက်ကာ သူ့ခေါင်းကိုနောက်လှန်၍ အအေးတငုံသောက်လိုက်သည်ကို ငေးကြည့်နေမိသည်။အဲဒီလူရဲ့ အာဒမ်ပန်းသီးက အထက်အောက်လှုပ်ရှားသွားကာ သူ့လည်ပင်းပေါ်ရှိချွေးများမှာလည်း အလင်းရောင်အောက်တွင် တလက်လက်တောက်ပနေကာ  သူ့ကို အလွန်ချောမောစေပြီးဆွဲဆောင်မူရှိတဲ့ပုံစံပေါ်စေလေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now