031:တင်းနစ်ကစားနည်းသင်ပေးမယ်

1.1K 179 7
                                    

သူတို့နှစ်ယောက်သည် ထမင်းစားရန်အတွက် ကန်တင်းကို သွားခဲ့ကြပြီး ထို့နောက်တွင်တော့ ဟဲကျင့်သည် တစ်ရေးတစ်မော အိပ်လေ့ရှိသောကြောင့် သူ့အိပ်ဆောင်သို့ ခဏပြန်သွားခဲ့သည်။ သုံးနာရီခန့်တွင် ဟဲကျင့် သည် ချင်ယွီ ၏ အစောပိုင်း အကြံပြုချက်ကို လိုက်နာရင်း ဂျာစီနှင့် ချောင်ချိ သော အဝတ်အစား တစ်ချို့ကို ဝတ်ကာ အောက်ထပ်တွင် ချင်ယွီ နှင့်တွေ့ခဲ့လေသည်။

အောက်ထပ်သို့ရောက်သည်နှင့် ချင်ယွီသည် ရတ်ကတ် ယူလာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် စကားအများကြီးပြောမနေတော့ဘဲ တင်းနစ်ကွင်းကို တန်းတန်းမတ်မတ်သွားခဲ့ကြသည်။

တင်းနစ်အဖွဲ့၏ ရေပန်းစားမှုကြောင့် ကျောင်းသည် တင်းနစ်ကွင်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။ တင်းနစ်ကွင်းများကို မိုးလုံလေလုံနှင့် ပြင်ပကွင်းများ အဖြစ် ပိုင်းခြားထားသည်။အတွင်းကွင်းတစ်ခု အပြင်ဘက် ကွင်းခြောက်ခု၊အတွေ့အကြုံမရှိသေးသော ကစားသမားအသစ် များအတွက် လေ့ကျင့်ရေးကွင်းတစ်ခု ဟု ဆိုပြီးရှိသည်။

ထိုနေ့တွင် ရာသီဥတု သာယာသည်။ ပြင်ပကွင်း၌ ကျောင်းသား အတွဲပေါင်းများစွာ ကစားနေခဲ့ကြသည်။ ချင်ယွီကို မြင်သောအခါ အားလုံးက ချက်ချင်းပင် လှမ်းအော်သည်။ အချို့က သူ့ကို "ချင်ကော" ဟုခေါ်ကြပြီး အချို့က "စီနီယာ" ဟုခေါ်ကြကာအချို့ကမူ "ဒုတိယဥက္ကဋ္ဌ" ဟု ခေါ်ကြသည်။

ဟဲကျင့် အံ့အားသင့်သွားသည်- "မင်းက တင်းနစ်ကလပ်ရဲ့ ဒုဥက္ကဌလား?"

ချင်ယွီ က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး ကျောင်းသားတွေကို ဝှေ့ယမ်းပြရင်းဖြေလာသည်။

"ဒါက ပေါ့ပေါ့ပါးပါး ခေါင်းစဉ်တစ်ခုပါပဲ တကယ် တော့ ငါ့မှာ လုပ်စရာတွေ အများကြီးမရှိဘူး"

ချင်ယွီ သည် ဟဲကျင့် နှင့် စကားပြောနေချိန်တွင် ကျောင်းသားလေးအနည်းငယ်က သူတို့ထံ ချဉ်းကပ်လာကာ ၎င်းတို့ထဲမှ တစ်ဦးက "ချင်ကော သူက ဘယ်သူလဲ?" ဟု စပ်စပ်စုစုမေးလာသည်။

ချင်ယွီ သည် ဟဲကျင့် ၏ ကျောကို ညင်သာစွာ ပွတ်သပ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးရန် တွန်းအားပေးပြီးနောက် ရင်းနှီးသောလေသံဖြင့်ပြောလာသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now