145:လျှို့ဝှက်ချက်

720 138 10
                                    

Unicode

သွမ့်ရှုရုန်ကစာပြန်လာသည်။

"ဒီနေ့တော့ငါ့မှာအချိန်မရှိဘူးငါ့သူငယ်ချင်းကောင်မလေးတွေနဲ့ချိန်းပြီးသွားပြီ ဒါပေမယ့်ငါမှတ်မိသလောက်ဆိုနင့်ရဲ့အလုပ်နေရာက ရုပ်သံလွှင်ရုံ နဲ့နီးတယ်မလား ငါ 5နာရီခွဲအလုပ်ဆင်းတယ်။တကယ်လို့ငါနဲ့ညစာစားမယ်ဆိုရင် တစ်ရက်ကြိုပြော!"

ဟဲကျင့်ခါးသီးစွာပြုံးလိုက်မိသည် တကယ်လို့ သွမ့်ရှုရုန်အချိန်ရတယ်ဆိုရင်တောင် သူကတော့အဆင်ပြေမှာမဟုတ်ပေ။ပြီးတော့ သူနောက်ရက် တောင်ခွင့်ယူရမလားမသိပါ

"ကောင်းပြီ ဒါဆို ငါမင်းကို စာပြန်ပို့လိုက်မယ်။"

သွမ့်ရှုရုန် နှင့် အပြန်ပြန်အလှန်လှန် စာပို့ပြီးနောက် တက္ကစီသည် ဟဲကျင့် ၏အိမ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ငွေရှင်းပြီး တက္ကစီပေါ်ကဆင်း၍ အပေါ်ထပ်ကို ခက်ခက်ခဲခဲ လျှောက်သွားခဲ့သည်။ အိမ်ထဲမဝင်ခင် မှာအသက်တစ်ချက်ရှိုက်လိုက်တယ်။သူသူ့မိသားစုကိုပုံမှန်အတိုင်းမျက်နှာချင်းဆိုင်ချင်ပြီးသူတစ်ခုခုဖြစ်နေတယ်ဆိုတာကိုမသိသွားစေချင်ပေ။ဘယ်လိုပဲဖြစ်ဖြစ် သူကအလွန်အမင်းဖြူဖျော့နေတာ သူ့မျက်နှာမှာသွေးမရှိသလိုပင်။သူ့မျက်လုံးတွေက
လည်း အစ်နေခဲ့ပြီးသူ့နှုတ်ခမ်းတွေကတော့ခြောက် သွေ့အက်ကွဲနေခဲ့သည်။သူဘယ်လိုပဲဖုံးကွယ်ထားချင်ပါစေ သူ့မိဘတွေတစ်စက္ကန့်အတွင်းမှာပဲသိသွားမှာပါပဲ

"ဟဲကျင့်! မင်းပြန်လာပြီ!"

ဟဲကျင့်ရဲ့ စိုးရွံ့နေတဲ့အကြည့်ကို မြင်လိုက်ရတော့ သူ့အမေက အလောတကြီးသူနားလာကာပြောလာတော့သည်

ဟဲကျင့်က ဖုံးကွယ်ဖို့ မကြိုးစားခဲ့ပါချေ။ မမျှော်လင့်ဘဲ သူသည် သူ့အမေကို စိုးရိမ်တကြီး ကြည့်လိုက် ပြီးသူအပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ့လက်ကို ဆန့်တန်း၍ စိတ်လှုပ်ရှားနေသော အမျိုးသမီးအိုကြီးကို သူ့ရင်ခွင်ထဲဖက်ထားလိုက်ကာဖြင့်တီးတိုးဆိုလာသည်။

"အမေ အဆင်ပြေပါတယ် ကျွန်တော်ပြန်လာပြီ ပြီးတော့ကျွန်တော်ဘာမှမဖြစ်ပါဘူး"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now