084:ချစ်စကားများ

915 184 6
                                    

Unicode

သူ့အမေနဲ့ အဒေါ်ကဘာဖြစ်နေတာလဲ?သူ့အတွက် အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်နေတာလား?

ဟဲကျင့်သူ့ကိုယ်သူမိုးကြိုးပစ်ချခံလိုက်ရသလိုခံစားလိုက်ရတယ်! သူက ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး အခုမှ တတိယနှစ်ပဲရှိသေးတာလေ။ သူ့အမေနဲ့ အဒေါ်က သူ့အိမ်ထောင်ရေးကိုတောင်စီစဉ် နေပြီတဲ့။ သူဘယ်လိုခေတ်မျိုးမှာနေနေရတာလဲ?

ဟဲကျင့်ရဲ့ နှလုံးသားသည် ဒေါသနှင့် ပြည့်နေပြီး ဤဒေါသကို ဖယ်ရှားရန် မဖြစ်နိုင်ကြောင်းကိုလည်း သူတွေ့ရှိခဲ့သည်။ သို့သော် သူ နှုတ်ဆိတ်နေခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီးတော့ သူအငြင်းမပွားချင်ဘူး။ အမျိုးသမီး ဍနှစ်ယောက် စကားစမြည်ပြောရင်းအချိန်ဖြုန်းနေတယ်လို့ပဲ သူနားလည် ထားလိုက်သည်။တကယ်လို့ သူ့အမေသာသူ့ကို အကြံပြုလာရင်တောင် သံသယဖြစ်စရာမလိုအောင် သူငြင်းမှာပဲ!

ဟဲကျင့် သည် ဤအရာအားလုံးကို တိတ်တဆိတ် မခံရပ်နိုင်ဖြစ်ခဲ့ရသည်။ ရုတ်တရက် သူ့လက်ပတ် က တုန်ခါသွားသည်။ အဲ့ဒါကမီးဆီမှပင်။သူတို့ သည် ညနေစာ ဘာစားခဲ့လဲတို့ နွေဦးပွဲတော် ညနေခင်း အစီအစဉ်အကြောင်းတို့ကိုပြောနေကြတာပေါ့နော်

ဒီအချိန်မှာတော့ ဟဲကျင့် သည် သူကိုယ်တိုင်တောင် သတိမထားမိပါပဲ သူနှင့် မီး အကြား ဆက်သွယ်မှုသည် လက်တွေ့တွင်ပင် ဆက်နွယ်လာပြီဖြစ်လေသည်။ဘယ်အချိန်ထဲကစတင်ခဲ့သည်ကိုတော့မသိတော့ပါချေ။

မီး ရဲ့ နာမည်ကိုကြည့်ကာ TV ပေါ်က အစီအစဉ်တစ်ခုကို ဝေဖန်ရင်းဟဲကျင့်ဟာ နားမလည်နိုင်စွာပဲ နှစ်သိမ့်မှုတစ်ခု ရခဲ့ပါသည်။ သူသည် ယာယီခိုနားရာလေးကို ရှာတွေ့သကဲ့သို့ မီး နှင့် စကားစမြည် ပြောရာတွင် လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။ သူ့အနားက စိတ်ပျက်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကနေ ခဏတာ လွတ်မြောက်နိုင်ခဲ့ရင်းပေါ့လေ။

ခဏကြာ စကားပြောပြီးနောက် မီး က ရုတ်တရက် ထမေးလာတယ်

"ဒီနေ့ဘာလို့ ထူးဆန်းနေရတာလဲ?"

ဟဲကျင့် :"ဘာကိုလဲ?"

မီး: "မင်း ခါတိုင်းထက်ပိုပြီးတွယ်ကပ်နေပုံပေါ်လို့လေ။"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now