128:နှင်းထဲမှာစာရေးကြရအောင်

794 155 7
                                    

Unicode

ဟဲကျင့် သည် သူအတွေးလွန်နေတာလားတော့ မသိပေ။အိပ်ရုံပဲဟာကို အသံလုံတာမလုံတာကကိစ္စမရှိဘူးလားလို့လေ။မတ်လအလည်တွင်တော့ ခရီးသွားရာသီမဟုတ်သဖြင့် ခရီးသွားတွေနည်းပါးလေသည်။ ကြာသပတေးနေ့ သူတို့ရောက်တဲ့အခါမှာတော့ Snowtown တစ်ခုလုံး တိတ်ဆိတ်နေသည်မှာ အိပ်ပျော်နေတဲ့ ပေါင်မုန့်လုံးကြီးတစ်လုံးလိုပါပဲ။ သူတို့ စိတ်အနှောက်အယှက်ဖြစ်မှာကို လုံးဝစိုးရိမ်နေဖို့ မလိုပါဘူး...

ချင်ယွီသာမဟုတ်တရုတ်တွေမစဉ်းစားဘူးဆိုရင်ပေါ့!

လမ်းပြ မစ္စတာဆန်းက အပြင်မှာ သူတို့စောင့်နေခဲ့သည်။ နှစ်ယောက်သားထပ်ပြီးအချိန်မဆွဲကြတော့ချေ။ ဦးထုပ်နှင့် လက်အိတ်များကို ယူကာ ညစာစားရန် ဦးတည်သွားကြတော့သည်။

စားသောက်ဆိုင်သည် အဆောင်ဘေးနားရှိ Snowtown သီးသန့်အိမ်တွင်ရှိပြီး ပိုင်ရှင်အတူတူပင်ဖြစ်သည်။ဒီလိုမျိုးမိသားစုပိုင်စီးပွားရေးက စားသောက်ဆိုင်နဲ့ အဆောင်တွေပါဝင်ပြီး Snowtown အနှံ့ ဖွင့်ထားလေသည်။ချင်ယွီက ခရီးသွားအေဂျင်စီကိုစီစဉ်ခိုင်းတုန်းက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အပြင် ဒေသအပြင်အဆင်ပါပါသည့် နေရာကိုစီစဉ်ခိုင်းခဲ့ခြင်းပင်။

နေ့လည်တုန်းကလေယာဉ်ပေါ်တွင်သာစားခဲ့ကြရပြီး အချိန်ကြာကြီး စီးပြီးနောက်မှာတော့ သူတို့ဆာလောင်နေကြပြီပင်။သူတို့သာ အသားတစ်အိုး၊ အအေးရိုက်ထားတဲ့တို့ဟူး၊ကြက်သွန်နှင့် မှိုတို့ပါဝင် သော ဝက်သား၊ဝက်အူချောင်းတို့ ကို မှာယူခဲ့ကြသည်။ ခဏကြာတွင်တော့ မီးဖိုချောင်ထဲက စွဲမက်ဖွယ်ရနံ့တစ်ခုထွက်လာတော့သည်။

"မဟုတ်တော့ဘူးငါဗိုက်ဆာတာသေတော့မလိုပဲ..."

အစားအသောက်ကို အနံ့ရလိုက်သောအခါ နှစ်ယောက်စလုံး မခံနိုင်တော့ချေ။ Snowtownကအေးနေပြီး အခုချိန်က စားဖို့ အ
ကောင်းဆုံးအချိန်ပဲ!

ချက်ပြီးသားဟင်းတွေကို ကြည့်လိုက်တော့ တော်တော်လေးအကြမ်းဆန်တယ်ထင်ရပေမယ့် အနံ့က စွဲဆောင်မှုရှိပြီး နှစ်ယောက်သား ထမင်းပန်းကန်လုံးကြီးတစ်လုံးကို ကိုင်၍ ချက်ချင်းစားလိုက် ကြတော့၏။ သူတို့သည် ပန်းကန်သုံးလုံးရှိ အရာအားလုံးကို လျင်မြန်စွာ သုတ်သင်ပစ်လိုက်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now