150:ငါ ရှိတယ်

930 161 5
                                    

Unicode

ချင်ယွီအတွက်ဒီလိုတောင်းဆိုရတာကအရမ်းခက်ခဲပါသည် သူဟဲကျင့်ရဲ့မာနကိုထိခိုက်မှာလည်းစိုးလို့ပင်။ ခြုံပြောရလျှင် ဟဲကျင့် သည် ယခုအခါတွင် တည်ငြိမ်သောအလုပ်တစ်ခုရနေပြီဖြစ်ပြီး အခြားသူတစ်ဦးကြောင့် သူ၏အသက်မွေးဝမ်းကြောင်းကို မည်သူမှ အလွယ်တကူလက်မလွှတ်နိုင်ပေ။

မထင်မှတ်ထားဘဲ ဒါကိုမေးပြီးတဲ့နောက်မှာတော့ စိတ်‌ကျေနပ်ဖွယ်အဖြေတစ်ခုကို သူကြားလိုက်ရတော့သည်

"ကောင်းပြီ"

ချင်ယွီယုံရခက်နေခဲ့သည်။သူသည်ဒီညတွင်အံ့သြဖွယ်ရာများစွာကို ကြုံတွေ့ခဲ့ရသည်။ ဟဲကျင့် က ငိုခဲ့ပြီး သူ့ကိုထပ်ခါထပ်ခါလည်းနမ်းခဲ့သည်။ပြီးတော့ကားထဲမှာ ရင်းနှီးတဲ့ကိစ္စကိုလုပ်ပြီးသွားတဲ့နောက် သူ့မိဘတွေရှေ့မှာဝန်ခံခဲ့ပြီး အခုလည်း သူလိုက်လာမယ်လို့ ကတိပေးပြန် သည်... ချင်ယွီကရုတ်တရက်ကြီး ဒါတွေအားလုံး အတုယောင်ဖြစ်နေမှာကိုကြောက်ရွံ့လာတော့သည်

သူသည် ဟဲကျင့်၏လက်ကိုလွှတ်လိုက်ပြီး အံ့ဩတကြီးသူ့ကိုကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက အနည်းငယ်ဗလာဖြစ်နေပြီး

"မင်းတကယ်ပြောတာလား?"

ဒီလိုအဖြစ်ပျက်မျိုးက လွန်ခဲ့သုံးနှစ်ကလည်းဖြစ်ခဲ့ဖူးသေးသည်။ချင်ယွီက သူ့ကိုယ်သူအ ကောင်းဆုံးအခိုက်အတန့်မှာရှိနေတယ်လို့ထင်ခဲ့သော်လည်း ဟဲကျင့်ကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်လေ။ ဟဲကျင့် သည် နောက်စက္ကန့်တွင် သူ့စိတ်ပြောင်းသွားနိုင်သောကြောင့် ဤအရာအားလုံးသည် ချိုမြိန်သောမျက်နှာစာတစ်ခုမျှသာဖြစ်သည်ဟု သူ့ကိုခံစားရစေသည်။

ဟဲကျင့် က သူ့ကို ညင်သာစွာကြည့်၍ "ငါရွေးချယ်ထားတဲ့လူနောက်ကို လိုက်ရမှာပေါ့" ဟု ရယ်ရယ်မောမောပြောလာခဲ့သည်။

ချင်ယွီ: "..."

ချင်ယွီသည် ဟဲကျင့် ၏လက်မောင်းကို ဖက်တွယ်လိုက်ပြီးလွန်စွာနူးညံ့ခြင်းတွေကြားမှာ ချိန်းခြောက်ဟန်လေးကပ်ပါနေလျက်ဆိုလာခဲ့သည်။

"မင်းပြောတာမင်းမှတ်ထားနော် မင်းငါ့ကိုနောက်ထပ်လှည့်စားရဲလို့ကတော့မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုပိတ်လှောင်ထားပစ်မယ်!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now