144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး

715 131 15
                                    

Unicode

ခုနှစ်နာရီခွဲတွင်တော့ ဟဲကျင့်၏ မျက်ခွံများအနည်းငယ် လှုပ်သွားပြီး ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့သည်။

သူ့ရဲ့ဇီဝနာရီကြောင့် နိုးလာသော်လည်း သူ့တစ်ကိုယ်လုံး ကျိုးကြေသွားသလို ခံစားနေရသည်။ သူကအိပ်ရာပေါ်မှာလှဲနေခဲ့ပြီး အထူးသဖြင့် သူ၏ ခါး၊ တင်ပါးနှင့် ခြေထောက်တွေက ဦးနှောက်ရဲ့ ညွှန်ကြားချက်များကို မလိုက်နာနိုင်နေချေ။ ပြီးတော့ သူ့အားတစ်စက်မှလည်းမရှိတော့ပါ

"အာ့..."

သူသည် သူ့ခန္ဓာကိုယ်ကိုဖြေးဖြေးလေးရွှေ့လိုက်သော်လည်း သူ့ခြေထောက်တွေကတော့မလုပ်ပါနဲ့လို့အော်ဟစ်နေလေရဲ့ပြီးတော့ သူ့မျက်လုံးကိုလည်းတစ်ဝက်ပဲဖွင့်လို့ရပါ၏ဘာကြောင့်ဆို သူ့မျက်ခွံတွေကမို့အစ်နေလို့ပါပဲ

"ဘုရားရေ..."

သူအမှန်တကယ်ဘာဖြစ်ခဲ့တာလဲဆိုတာ သတိထားမိသွားတဲ့နောက်မှာတော့ဟဲကျင့်၏ မျက်နှာက ဖြူဖျော့သွားခဲ့တော့တာပဲ!

အရက်အလွန်အကျွံသောက်ပြီးနောက် သတိလွတ်သွားခဲ့ရာ သူစိမ်းတစ်ယောက်ကဟိုတယ်ကိုခေါ်သွားတာကိုတောင် သူကချင်ယွီလို့အထင်မှားသွားသေးတယ်တဲ့!

ဟုတ်တာပေါ့ အဲ့ဒါကြောင့်သူတစ်ညလုံးချင်ယွီနဲ့ လုပ်နေတယ်ဆိုပြီးနွေဦးအိမ်မက်တွေမက်နေတာ! သူတို့နှစ်ယောက်လုံး ရူးသွပ်ခဲ့ကြပြီး သူတို့ကိုယ်သူတို့ လုံးဝအရိုင်းဆန်ခွင့်ပေးခဲ့ကြတယ်။ ဟဲကျင့် သည် သူ့အလိုဆန္ဒထဲ၌ လုံးလုံးလျားလျားနစ်မြုပ်နေခဲ့ပြီး သူ့ကိုယ်သူ မဆွဲထုတ်နိုင်ခဲ့ပေ။

"ဘုရား...ဘုရား..."

ဟဲကျင့် က သူ့မျက်နှာကို လက်နဲ့ သုတ်လိုက်ပြီး သူရူးတော့မှာပဲ!

ဟဲကျင့် သည် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာကို ဂရုမစိုက်နိုင်ဘဲ ကုတင်ပေါ်မှ ထရန် ရုန်းကန်လိုက်ရာ သူ့ပခုံးပေါ်မှ ပိုးသားစောင်ကလျှောကျလာရာ သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ပေါ်လွင်စေခဲ့သည်။

အဲဒီလူက ဘယ်သူလဲ? ဘာလို့သူ့ဆီကအဆွဲဆောင် ခံလိုက်ရတာလဲ? ပြီးတော့သူဘယ်တုန်းကထွက်သွားတာလဲ?...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)On viuen les histories. Descobreix ara