015:ငါ့မိန်းမရောက်လာပြီ

1.1K 214 7
                                    

Unicode

မိန်းကလေးတွေကိုယ်တိုင်က အမှောင်ဖုံးနေတာကြောင့်လဲ ဖြစ်နိုင်သည်။ကျောင်း idol က ဒီစာကြောင်းကို အရမ်းလေးနက်တဲ့လေသံနဲ့ ပြောသော်လဲ  ဘယ်သူ့အတွက်လဲဆိုတာ တောင် အတိအကျမသိပေမယ့်  အားလုံးက မျက်နှာနီရဲကုန်ပြီး စိတ်ကူးတွေ ယဉ်ကုန်ကြသည်။

နောက်ဆုံးတွင်တော့ သူတို့သည် သူတို့ idol တွင်အမှန်တကယ်  ရှိနေသော အရောင်ကို သိခဲ့ရသည်။အဲ့တာက ဆိုးသွမ်းပြီးဆွဲဆောင်မူရှိသည့် ရောင်ဝါပင် ဖြစ်သည်။

၎င်းသည် မိန်းကလေးများအတွက် ချက်ချင်းနှာခေါင်းသွေးလျှံစေနိုင်လေသည်။

ကောင်မလေးတွေက ကမန်းကတန်း ခေါင်းငုံ့ပြီး ဆက်စားကာ  သူ့ကို နောက်ပြောင်ဖို့ မဝံ့ရဲတော့ပေ။

ကျန်တဲ့ အစားအသောက်တွေ ကိုလည်း ပျော်ပျော်ရွှင်ရွှင် အပြတ်ရှင်းလိုက်ကြသည်။ သူတို့ ဘေလ်ကို လက်ခံလိုက်တဲ့အခါ မထင်မှတ်ဘဲ  စုစုပေါင်း ယွမ် 1200 သို့ ရောက်သွားလေသည်။

ချင်ယွီကို ဤပမာဏများစွာကို သူ့ဘာသာသူ ပေးခိုင်းရခြင်းမှာ မှားယွင်းသည်ဟု ခံစားမိသည်။ပြီးတော့လည်း ချင်ယွီသည် သူတို့နှင့် လျှောက်လည်ရန် ပထမဆုံးအကြိမ် သဘောတူလိုက်သောကြောင့် ဆိုးရွားသော ထင်မြင်ချက်ကြီးကို မထားခဲ့ချင်ပေ။

နောက်ဆုံးတွင် သူတို့တစ်ဦးစီသည် ယွမ် ၁၀၀ စီပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ကျန်တာကို ချင်ယွီက ပေးဆောင်မည်ဖြစ်သည်။ ချင်ယွီ သည်လည်း မကန့်ကွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်အားလုံးက ကျောင်းသားတွေ ဖြစ်နေတုန်းပဲဖြစ်ကာ သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့ သိပ်မလိုဘူးဟု ခံစားရ၍ပင်။

မိုးရွာနေတာကြောင့် လူတိုင်းက ရှုခင်းသာကို လှည့်ပတ်ပြီးနောက် ဘယ်ကိုသွားရမလဲ ဆိုတာ ဆွေးနွေးကြလေသည်။ ကောင်မလေးတွေက မြို့လယ်မှာ ဈေးဝယ်ထွက်ဖို့ အတွက် အဆိုပြုလာသည်။

မြေအောက်ရထားလိုင်းနဲ့ သွားရမှာမလို့ မိုးရွာမှာကို စိတ်ပူစရာမလိုပေ။ ကျောက်ရှီပိုင် သည်ကုံးယုံ ၏ချစ်သူအဖြစ် အလိုလို သူတို့နှင့်အတူ လိုက်ပါသွားမည်ဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now