059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်

799 155 3
                                    

Unicode

သူတို့သည် အပြင်မထွက်ခင် နေ့လည်စာ စားကြသေးသည်။ နေရောင်က တောက်ပနေသော်လည်း အပြင်မှာတော့ အပူချိန်က တော်တော်နိမ့်နေတာပင်။

ဟဲကျင့်က နွေးထွေးသောဆောင်းဦးရာသီအဝတ်အစားများဖြစ်သည့် သိုးမွှေးရှပ်အင်္ကျီနှင့် သိုးမွှေးခေါင်းစွပ် ချည်အင်္ကျီကို ထူထူထဲထဲ ၀တ်ဆင်ထားသည်။ ချင်ယွီ သည် နောက်ဆုံးအကြိမ် အပြင်ထွက်တုန်းကတက် ကုတ်အင်္ကျီတစ်ထည် ပိုဝတ် ထားသော်လည်း သူ့ကြည့်ရတာ လန်းဆန်းနေသေးသည်။

"မင်းမှာ မြေအောက်ရထားကတ်ရှိလား?" ဟု ချင်ယွီက မေးသည်။

"ငါ့မှာရှိတယ်... ငါတို့မြေအောက်ရထားစီးကြမှာလား?"

ဟွားတက္ကသိုလ်တွင် အားကစားဌာနကြီးတစ်ခုရှိသောကြောင့် ကျောင်းအနီးတွင် အားကစားပစ္စည်းဆိုင်များရှိသည်။ ချင်ယွီက သူ့ကို အဲဒီကို ခေါ်သွားတယ်လို့ သူထင်ခဲ့တာပင်။

"ဟုတ်တယ် ဟိုက်တဲ့ လမ်း ကိုသွားရအောင်။"

ချင်ယွီက ဟဲကျင့် ကို တောင်ဖက်တံခါးဆီသို့ မခေါ်သွားမှီ ပြန်ပြောလာသည်။ ဟိုက်တဲ့ လမ်း သည် မြို့တော်ရှိ အကြီးဆုံး အားကစားရုံအနီး အရှေ့တောင်ဘက်တွင် တည်ရှိသည်။ အဆိုပါလမ်းသည် ၎င်း၏အားကစားပစ္စည်းစတိုးဆိုင်ကြောင့် နာမည် ကြီးခဲ့သည်။ ပြောရမယ်ဆိုရင်တော့ ဟွားတက္ကသိုလ်က မြို့၏အနောက်ဘက်တွင် တည်ရှိသောကြောင့် တောင်ဖက်ဂိတ်ကနေ မြေအောက်ရထားစီးပြီးမှ လိုင်းပြောင်းရမည်ဖြစ်လေသည်။ အကုန်လုံးကို ခြုံငုံကြည့်လျှင် အနည်းဆုံး တစ်နာရီခန့် ကြာမည်ဖြစ်သည်။

ချင်ယွီက သူ့ကို အခုလိုမျိုး တော်တော်ဝေးတဲ့နေရာကို ခေါ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ထို့ကြောင့် သူ့နောက်ကို အမြန်လိုက်သွား၍မေးလိုက်သည်။

"ကျောင်းအနီးမှာ ရောင်းတဲ့ဆိုင်မရှိဘူးလား?"

ချင်ယွီ က ပြုံးကာ "တချို့တလေတော့ရှိတယ်ဒါပေမယ့် ကျောင်းနားက စျေးဆိုင်အများစုက မရိုးသားတဲ့ အမြတ်အစွန်းသမားတွေဖွင့်ထားတာ သူတို့က မကောင်းတဲ့ အမှတ်တံဆိပ်တွေရဲ့ကုန်ပစ္စည်း တွေကိုရောင်းပြီး မသိနားမလည်တဲ့ ကျောင်းသားတွေကို ညှပ်ချနေကြတာ ဒီနှစ်စာသင်နှစ်စတုန်းကကလပ်အသင်းဝင်အသစ်တွေတော်တော်များများ သွားဝယ်တာ ပုံမှန် လေးငါးရာပဲပေးရတဲ့ရတ်ကတ် တွေကို တစ်ထောင် နှစ်ထောင်ပေးဝယ်ခဲ့ရတယ်လေ"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now