123:အားကျင့်ကယောင်္ကျားလေးပါ

759 149 0
                                    

Unicode

အစပိုင်းမှာတော့ အသင်းက ပိုဆိုးတဲ့ အခြေအနေမှာ ရှိခဲ့လေသည်။ ယခုအချိန်တွင်တော့ အရှုံးကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပြီပင်။ ဒီအသင်းပွဲကို အနိုင်ရပြီးနောက်မှာတော့ သူတို့ကံကောင်းလို့နိုင်တယ်လို့ဘယ်သူမှပြောလို့မရကြတော့ချေ။ ပြီးတော့ ဘယ်သူကမှလည်းအားကျင့် က တခြားသူတွေကိုဘယ်လိုအားကိုးတယ်ဆိုပြီးလဲမပြောဝံ့ကြတော့ပါ!

ဟာဂင်ဒတ်စ်တို့စုံတွဲနဲ့တိုက်ခိုက်တာကိုကြည့်နေစဉ်တွင်ပရိတ်သတ်ကအရာအားလုံးကိုမြင်ခဲ့ရလေသည်။မီးရဲ့ မိန်းမအနေနဲ့  အားကျင့် ၏အခန်းကဏ္ဍသည် အစားထိုး၍မရနိုင်ပဲအလွန်အရေးပါလေသည်။
သူတစ်ယောက်ထဲတင်မကပဲ လွမ်းမောဖွယ်ချစ်ခြင်းအသင်းသားများအကုန် သူတို့ အင်အားကိုအစွမ်းကုန်အသုံးချခဲ့ရသဖြင့် တစ်ယောက်ချင်းဆီတိုင်းကအရေးပါတာပါပဲ!

သုံးနာရီနီးပါးကြာခဲ့သည့်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး တရားဝင်မဲပေးသည့်ပလက်ဖောင်းကိုလည်း ယခုအချိန်တွင် ပိတ်ထားလိုက်ပြီဖြစ်သည်။ အခုအချိန်မှာတော့ နှစ်သင်းရဲ့ မဲအရေအတွက် က-

လွမ်းမောဖွယ်ချစ်ခြင်းအသင်း- 535,298 မဲ

ဟာဂင်ဒတ်စ်အသင်း - 187,611 မဲ

၎င်းသည် သုံးဆနီးပါးကွာခြားခဲ့သည် — လူ 5 သန်းတွင် လွမ်းမောဖွယ်ချစ်ခြင်းအသင်း သည် မဲများ၏ 10% ရခဲ့သည်။

ပရိသတ်များမှာပျော်ရွှင်ခဲ့ကြပြီး hostသည်လည်းလူတိုင်းအား စိတ်လှုပ်ရှားစွာ ကြေငြာခဲ့သည်

" 'Demon God' ရဲ့ ပထမဦးဆုံး တရားဝင်အသင်းလိုက်ပြိုင်ပွဲ ကျင်းပပြီးစီးခြင်းအတွက် ဂုဏ်ပြုပါတယ် အနိုင်ရသွားတဲ့အသင်းကတော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းပဲဖြစ်ပါတယ်ခင်မျာ"

ထိုအခိုက်အတန့်မှာ အင်တာနက်ကာဖေးမှာထိုင်ပြီး ဂိမ်းကိုကြည့်နေတဲ့ ဟုန်တုန်ယွမ်က screen ကိုစိုက်ကြည့်နေပြီးအကြမ်းဖျင်းတွက်ကြည့်နေလေရဲ့။သေစမ်း!530,000 မဲတဲ့ 5 မီလီယံနီးနီးပဲဟ ဘယ်လိုတောင်အထင်ကြီးစရာလဲ!ဂိမ်းဘောနပ်စ် 500,000 ကအရေးကြီးတာတော့ဟုတ်မနေဘူး အဓိကကမဲအရေအတွက်ပဲကွ!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now