010: အိပ်မပျော်သောည

1.1K 201 9
                                    

Unicode

ဟဲကျင့်က ကွန်ပြူတာကို ပိတ်လိုက်​တော့သည်။ နာရီကိုကြည့်လိုက်သည့် အချိန်မှာ အိပ်ချိန်နီးနေပြီဆိုတာပါ သိလိုက်ရ၏။

အငယ်တန်းအဆောင်တွင် 'မီးပိတ်ခြင်း' စည်းကမ်းမရှိသော်လည်း သူ့တွင် ပုံမှန်အချိန်ဇယားတစ်ခု အမြဲရှိခဲ့လေသည်။ နေ့တိုင်း ဆယ်နာရီလောက်ဆို အမြဲအိပ်ရာဝင်သည်။ ဤအကြောင်းကြောင့် ဟုန်တုန်ယွမ် သည် တက္ကသိုလ် ကျောင်းသားလေးမဟုတ်ဘဲ အဘိုးကြီးတစ်ယောက်လို နေထိုင်သည်ဟု မကြာခဏပြောလေ့ရှိသည်။

သို့သော် ဤညတွင် တော့ ဟဲကျင့် သည် အိပ်မပျော်နိုင်ဘဲ ဂိမ်းထဲမှ မှတ်ဥာဏ်သည် ရုပ်ရှင်ကဲ့သို့ပင် သူ့စိတ်ထဲမှာ စွဲမြဲနေခဲ့သည်။

ကောင်းကင်ပေါ်က မီးရဲ့ပုစံ မီးရဲ့သံလိုက်လိုအသံသူ့ကိုသတ်လိုက်တဲ့အခါ ပြုံးလိုက်တဲ့ မီးရဲ့အပြုံးအပြင် သူပို့လိုက်တဲ့ နောက်ဆုံးစာကြောင်း...

ဒီလို ဇာတ်လမ်းဆန်တဲ့ အရာတွေ ကြုံလာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

ရှစ်နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရသော်လည်း လက်တွေ့တွင် မူ လူမည်မျှ ထိုသို့လုပ်နိုင်မည်နည်း?

တစ်ဖက်လူ၏အပြုအမူသည် ဟဲကျင့် ၏အတွင်း၌ နားမလည်နိုင်သော ခံစားချက်ကို နှိုးဆွပေးသော်လည်း ဤကဲ့သို့ ဆက်ဆံခံရခြင်းကြောင့် လဲ လည်း အနည်းငယ် ရင်ထဲထိသွားရသည်။

ဆန့်ကျင်ဘက်အနေနှင့် ဟဲကျင့်သည်တော့ အခွံထဲပုန်းအောင်နေသည့် လိပ်တစ်ကောင်လို ဖြစ် နေခဲ့ပြီး သူ့ကိုယ်သူသာ ပုန်းကွယ် ရန်ကြိုးစားနေမိသည်။

[ T/N: အခွံထဲတွင် ပုန်းနေသည့်လိပ် = အဖြစ်မှန်ကို ရင်ဆိုင်ရန် သို့မဟုတ် ပြဿနာတစ်ခုကို ရင်ဆိုင်ရန် ငြင်းဆန်သူ}

သူထွက်သွားပြီးနောက်  မီးက ဘယ်လိုခံစားခဲ့ရလဲလို့ သူသိချင်မိသည်။။ စိတ်ပျက်သွားတာ? ဒေါသလား? အလိုမကျတာ?

ဒါကို တွေးကြည့်မိလိုက်တဲ့အချိန်တိုင်း သူ့စိတ် အဆင်မပြေတော့ပေ။ဟဲကျင့် က တစ်ဖက်သို့ လှည့်ပြီး ခေါင်းကို စောင်နဲ့ အုပ်လိုက်တော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt