136:မင်းအမေ နေမကောင်းဘူး

651 131 7
                                    

Unicode

ဟဲကျင့် ကဘာမှမရှင်းပြပဲ ဒီတိုင်းရပ်နေခဲ့ချိန်တွင်တော့  သူ့အဖေက အရမ်းစိတ်ဆိုးသွားပြီး ဟုန်တုန်ယွမ်လက်ထဲကရုန်းကာဖြင့်ဟဲကျင့်ကိုလက်ညှိးငေါက်ငေါက်ထိုးကာပြောလာတော့သည်

"မင်း ငယ်ငယ်ကတည်းက ငါတို့ မင်းကို ဘယ်လို သင်ပေးခဲ့လဲ?မင်းဘာလို့ ဒီလိုဖြစ်လာရတာလဲ?အဲ့လူကြောင့်အိမ်ကထွက်သွားတာလား?မင်းအမေတင်းကြပ်ခဲ့တာမမှားနေဘူး။မင်းအပေါ်ကိုပေါ့လျော့ခဲ့မိတဲ့ငါ့အမှားပဲ။ဟဲကျင့်မင်းကအရမ်းစိတ် ပျက်ဖို့ကောင်းတယ်"

ဟဲကျင့်ကမူလကဒီတိုင်းနေခဲ့သော်လည်းသူ့အဖေ ဒီလိုပြောတာကိုကြားလိုက်ရတော့သူ့နှလုံးသားအေးခဲသွားရကာသူ့ပါးစပ်ကိုဖွင့်လာတော့လေသည်။

"အဖေကတော့ ကျွန်တော့်ကိုအမေ့ထက်နားလည် ပေးမယ်လို့ထင်ခဲ့တာ"

သူရဲ့အဖေ:  "မင်းက ယောင်္ကျားတစ်ယောက်နဲ့နေနေတာလေ! ငါမင်းကိုဘယ်လိုနားလည်ပေးတာကိုလိုချင်နေတာလဲ!"

ဟဲကျင့်သည် လက်သီးကိုဆုပ်ထားသည်မှာ လမ်းဆုံးကိုတွန်းပို့ခံလိုက်ရသောသားရဲတစ်ကောင်လိုပင် ။ အခုချိန်မှာသူအတွေးတွေကိုသာ​မပြောခဲ့ရင် သူတသက်လုံးနောင်တရနေရုံပဲရှိတော့ပါ၏။

"အဖေ ကျွန်တော့်ကိုနားလည်ပေးဖို့ရော ကြိုးစားဖူးလား? ကျွန်တော်ငယ်ငယ်လေးထဲလေ... အဖေရောအမေရော ကျွန်တော်ဘယ်လိုခံစားရလဲမမေးခဲ့ဘူး ကျွန်တော်ဘာလုပ်ချင်လဲ ဘာမလုပ်ချင်ဘူးလဲ ကျွန်တော်ဘာကိုမုန်းလဲ ဘာကိုကြိုက်လဲ ဘာမှကိုမမေးခဲ့တာ ကျွန်တော်လည်းလူပဲလေ ကျွန်တော်မှာ ကိုယ်ပိုင်အမြင် ကိုယ်ပိုင်စိတ်ခံစားချက်တွေရှိတယ်လေ။ပြီးတော့ ကျွန်တော့်မှာ လွတ်လပ်တဲ့ စိတ်ဆန္ဒလဲရှိတယ် အဖေတို့ညွှန်ရာ ကနေရတဲ့ရုပ်သေးရုပ်မဟုတ်သလို စိတ်ဝိညာဉ်ကင်းမဲ့နေတဲ့အရာဝတ္ထုလဲမဟုတ်ဘူး!"

ဟဲကျင့် ၏ဖခင်သည်ဟဲကျင့်ဒီမျှလောက် ဒေါသူပုန်ထလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘဲ သူပြောခဲ့တဲ့စကားတွေကြောင့် ကျက်သေသေသွားခဲ့ရသည်။

သူစပြောပြီးနောက်တွင်တော့ သူသည် နာကြည်းမှုအားလုံးကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now