042: အလုအယက်ဝယ်ကုန်ကြပြီ

954 168 2
                                    

Unicode

ကီးဘုတ်ဂိမ်းခေတ်တွင်တော့ ဟဲကျင့် သည် သူ၏ အပြာဝတ် ဇာတ်ကောင်ကို အခြားလူ၏ရင်ခွင်ထဲ၌ အဖက်ခံထားရသည်ကို မြင်တွေ့ရသည်မှာ ထူးဆန်းသလို သာ ခံစားခဲ့ရသော်လည်း ယခုလက်ရှိ ဟိုလိုဂရပ်ဖစ် ဗားရှင်းတွင်တော့ သူကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည့် ခံစားချက်ကို ဘယ်လိုပြောရမလဲ

အရမ်းရှက်ဖို့ကောင်းလွန်းတယ်!!

သူတို့နှစ်ဦးသည် Dungeon ဝင် ပြီးသောအခါတွင် Demon God World ကို လှည့်ပတ်သွားကြသည်။ ဟဲကျင့် သည် ဤအချိန်အတွင်းမှာပင် သူ့ကိုယ်သူ သက်တောင့်သက်သာ ဖြစ်အောင် မလုပ်နိုင်ဘဲ တစ်ဖက်လူ၏ အသက်ရှုသံသည် သူ့နားကိုရိုက်ခတ်သွား သောကြောင့် သူ့နားက ပူလာတော့သည်။ မီး သည် သူ့ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရင်းနှီးမှုအပြည့်ရှိသော အသံဖြင့် သူ့နားထဲသို့ ရံဖန်ရံခါ တိုးတိုးပြောလာသေးသည်..။

မီး : "ကျင့်အာ စောနေသေးတယ် ရက်ကန်းသမ စီ လျှို့ဝှက်အကြင်လင်မယား တာဝန်လုပ်ဖို့ သွားကြရအောင်။"

အားကျင့် : "အိုကေ..." ငါ့ရဲ့ နားကို အရမ်းကပ်ပြောမနေနဲ့!!

စုံတွဲတွေရဲ့ တာဝန်ကို သူနဲ့အတူလုပ်ပေးတာတို့ သူတို့ရဲ့ ME Chat ထဲမှာ သူ့ကို ယောကျ်ားလို့ခေါ်တာတို့ သာမာန်သူငယ်ချင်းတွေလိုမျိုး လေ့ကျင့်တာတို့ ရှုခင်းအတူတူကြည့်တာတို့ ချစ်ခြင်းမေတ္တာကို ပြသတာကို့ကို ဟဲကျင့်က သူအွန်လိုင်းပေါ်မရှိခဲ့တဲ့ ရှစ်နှစ်အတွက်ဖြည့်ဆည်းပေးကာ ပြုလုပ်ခဲ့သဖြင့် သူက အဲ့ဒါတွေကို အသားကျသွားပြီလို့ ထင်ထားခဲ့သည်။...

ဒါပေမယ့် မထင်မှတ်ပဲ သူ က အရမ်း... ဘုရားသခင်... တကယ်ကြီးလား?... (=_=)

မီးသည် သနားဖွယ် မီးလျှံကို ရေကန်ဆီသို့ ပျံသန်းစေကာ ဆင်းသက်စဉ်တွင်ဟဲကျင့်၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖက်ထားသည်။ သူတို့ တောင်ပေါ်ကနေ ဆင်းလာတဲ့ မြင်ကွင်းက ရေကန်ရဲ့ ရှုခင်းကို ခံစားဖို့ အဲဒီမှာ စုဝေးနေကြတဲ့ လမ်းသွားလမ်းလာ တော်တော်များများရဲ့ အာရုံကို စွဲဆောင်စေခဲ့တော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now