139:ချင်ယွီ တောင်းပန်ပါတယ်

637 113 12
                                    

Unicode

ချင်ယွီက လတ်တလောတွင်အလုပ်ရှုပ်နေခဲ့ပြီး ဟဲကျင့်ဘာလုပ်ဖို့ကြံနေလဲဆိုတာကိုမသိခဲ့ချေ။သူထင်တာကတော့ သူ့မှာအတန်းမရှိတော့ရင် သူအရင်လုပ်ခဲ့တဲ့အလုပ်သင်အလုပ်ကိုလုပ်တာဒါမှမဟုတ် အိမ်မှာစာတမ်းရေးတာတို့ အွန်လိုင်းဂိမ်းဆော့တာတို့မျိုးသာ လုပ်နေမယ်လို့ပဲထင်ခဲ့တာပင်

သူဒီည ညကိုးရာရီလောက်တွင်တော့ အိပ်ပြန်ရောက်ခဲ့ပြီး ညစာမစားရသေးကာဗိုက်ဟောင်းလောင်းဖြင့်အိမ်ပြန်လာခဲ့လေသည်။သူတခါးကိုဖွင့်လိုက် သည့်အချိန်မှာပဲ အရသာရှိတဲ့ အစားအစာအနံ့ကိုရလိုက်သည်။ကြည့်ရတာ ဟဲကျင့်ကိုယ်တိုင် ညစာ
ချက်နေတာပဲ!

ဟဲကျင့် ဟာ ချက်ပြုတ်နည်းမသိရင်တောင် နှစ်
ဝက်လောက် အတူနေထိုင်ပြီးနောက်တွင်တော့ ဝက်သားစွပ်ပြုတ်၊ ကြက်ဥစွပ်ပြုတ်၊ ရေညှိမှိုဟင်းချိုလိုမျိုး ချင်ယွီနဲ့နဲ့ မတူညီတဲ့ ဟင်းလျာတွေကို စတင်ဖန်တီးခဲ့လေသည်။..အဲ့ဒါတွေကကြည့်ရဆိုးနေခဲ့သော်လည်း ချင်ယွီကတော့ သူ့ချစ်သူလေးက သူ့အတွက် ညစာလုပ်ပေးလို့ နှလုံးသားလေးမှာနွေထွေးနေတော့တာပဲ!

ညစာကိုစားသောက်ပြီးနောက် သူ့ဗိုက်ကို ကိုင်ရင်း ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ဟဲကျင့် က သူ့ပန်းကန်တွေကို တက်ကြွစွာ ဆေးကြောနေတာကို မြင်တော့ သူက ရုတ်တရက်

"မိန်းမလေး မင်းငါ့အပေါ်ပိုပိုပြီးကောင်းကောင်းဆက်ဆံပေးလာတယ်နော်"

ဟဲကျင့် ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားသလို ခံစားလိုက်ရပြီး သူ့လက်ထဲက ပန်းကန်ပြားလွတ်ကျလုနီးပါးဖြစ်သွားရသည်။သူကရူးချင်ယောင်ဆောင်လိုက်ကာ

"ဘာကပိုကောင်းလို့လဲ?"

ချင်ယွီက သူ့ခေါင်းနောက်ကျောကိုထိလိုက်ပြီး ဆိုဖာပေါ်မှီလျက် ဟဲကျင့်ရဲ့နောက်ကျောကို ချစ်မြတ်
နိုးစွာ စိုက်ကြည့်နေလေသည်။

"မင်းငါ့ကိုအရမ်းတွေကောင်းကောင်းဆက်ဆံနေလို့ ငါအကျင့်ပါသွားရင်ဘယ်လိုလုပ်မလဲ?"

ချင်ယွီက ဒီလိုမျိုးမေးနေပေမယ့်လည်းချင်ယွီသိတာပေါ့ သူသာနာမည်ကြီးသွားပြီးရင် ဟဲကျင့်က သူဘယ်လောက်တောင်ကောင်းလဲဆိုတာ သိသွားပြီး သူ့ကိုပိုပြီး ချစ်မြတ်နိုးလာမယ်ဆိုတာကိုလေ

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)On viuen les histories. Descobreix ara