070:တင်းနစ်ပြိုင်ပွဲ

911 173 5
                                    

Unicode

ဤမေးခွန်းသည် ဟဲကျင့်ကို မယုံနိုင်လောက်အောင် ရှက်စေခဲ့သည်။ တစ်ခန်းတည်းမှာလား?"တစ်ခန်းတည်းနေဖို့ နေနေသာသာ ဖက်တာ နမ်းတာတောင်မရပါဘူးဆို! ပြီးတော့ လျှို့ဝှက် အကြင်လင်မယား တာဝန် အတွက် စုံတွဲအညွှန်းအမှတ်လည်းလုံလောက်သွားပြီဟာကို မီးကဘာလို့တခန်းထည်းအတူတူနေချင်နေရသေးတာလဲ

အဖြေအဖြစ် "နိုး" ကိုရပြီးနောက် မီး သည် စိတ်ပျက် လက်ပျက်ဖြင့် ထွက်သွားတော့သည်။ ဟဲကျင့်သည်လည်း ထိုသူ့နောက်ကျောကို မျက်နှာမူကာ
ထိုင် ချလိုက်ရင်း စိတ်ဓာတ်ကျနေသလို ခံစားနေရလေသည်။

ဟဲကျင့် သည် တကယ်တမ်းတော့ ဂိမ်းတွင် "တစ်ခန်းတည်းနေရခြင်း" ဟူသော အဓိပ္ပါယ်ကို အမှန်တကယ် သိချင်နေခဲ့သည်။သူတို့ အဲ့ဒါကိုလုပ်ရမှာလား? မဟုတ်ဘူး... အနည်းဆုံးတော့သူတို့သိက္ခာလေးတော့ ရှိသင့်တယ် မဟုတ်လား?

[T/N အဲ့ဒါ = sex]

ကောင်းပြီ အဲဒါကိုမေ့လိုက်တော့ ဒါကသူ့ကိစ္စ
လည်း ဟုတ်မနေဘူးလေနော်

အပြည့်အစုံသတင်းလွှာ မှာကြေငြာခဲ့တဲ့အိမ်စနစ် အကြာင်းသည် ကစားသမားများအား အတင်းအဖျင်းဆွေးနွေးရန် အခွင့်အရေးပေးလာတော့သည်။ သူတို့ဟာနားလည်သွားကြတဲ့နောက်မှာ စုံတွဲတော်တော်များများက အိမ်ဆောက်ဖို့ လိုက်လုပ်ကြတော့သည်။ ဘာအကျိုးကျေးဇူးတွေ ရမယ်ဆိုတာ မသိပေမယ့် လူအများစုက ဒါဟာ လုပ်ရင်ကောင်းမယ်လို့ ယုံကြည်ကြပါတယ်။ သို့သော် သာမန်ကစားသမားများစွာအတွက် အိမ်ဝယ်သည့်စျေးနှုန်းမှာ မြင့်မားနေသေးသောကြောင့် အိမ်စနစ်ဖွင့်သူအရေအတွက်မှာ အလွန်နည်းနေသေးသည်။

လာမည့်ရက်အနည်းငယ်တွင်တော့ ဂိမ်းကို အဆင့်မြှင့်တင်လိုက်သည်။ ဒီတစ်ပတ်အတွင်းမှာ တရားဝင်အဖွဲ့အစည်းက ကစားသမားတွေရဲ့ bug နဲ့ပတ်သက်တဲ့ တုံ့ပြန်ချက်အများအပြားကို ရရှိခဲ့တယ်လို့ဆို၏။အဖြစ်များဆုံးမှာ ခေတ္တအော့ဖ်လိုင်းဖြစ်ခြင်း သို့မဟုတ် အိမ်သာသွားခြင်းဆိုင်ရာ ပြဿနာဖြစ်သည်။ ဤအဆင့်မြှင့်ပြီးနောက်ကစားသမားသည် သူတို့ရဲ့ဦးထုပ်များကိုချွတ်ထားရင်တောင် ဂိမ်းတွင် သူတို့ရဲ့ဆောင်ရွက်နေဆဲအရာများကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်။ သူတို့က ဆယ်မိနစ်ကြာ 'ပျောက်ဆုံးဝိညာဉ်' အဖြစ် ရပ်နေ မည်ဖြစ်ပြီး ဆယ်မိနစ်အတွင်း အွန်လိုင်းပြန်တက် လာပါကသူတို့၏လှုပ်ရှားမှုများကို ပြန်လည်စတင် နိုင်မည်ဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now