151:စက်ရုပ်ကလေး

620 126 3
                                    

Unicode

ဝန်ကြီးဝမ် သည် ဟဲကျင့်ကစိတ်အားထက်သန်စွာတုံ့ပြန်လာမည်ကိုမျှော်လင့်ထားပုံမပေါ်ဘဲသိပ်ပြီးကျေနပ်ပုံလည်းပေါ်မနေချေ။ဟဲကျင့် သည် အ
တွင်းဝန်ထမ်းများနှင့် ဆက်ဆံရေးကြောင့် ကုမ္ပဏီကိုဝင်နိုင်ခဲ့ကြောင်း သူသိသော်လည်း ဟွားတက္ကသိုလ် မှ ဘွဲ့ရထားသည့် ကျောင်းသားကောင်းတစ်ဦးဖြစ်သည်။ ဒါ့အပြင် သူ့ရဲ့ CV ဟာ အမြဲတမ်း ပြီးပြည့်စုံနေပုံရပြီး ငယ်ငယ်လေးကတည်းက သူ့ဘ၀မှာ အမည်းစက်ကို ဘယ်တော့မှမထင်ကျန်စေခဲ့ပဲ အရည်အချင်းလည်းရှိပြီး HR ဌာနမှ မစ္စတာ ရွှီ
ကိုယ်တိုင်လည်းချီးကျူးခဲ့တာပင်

"ရှောင်ဟဲ ပြဿနာတွေ ကြုံလာတဲ့အခါ ဖြေရှင်းနည်းက အမြဲတမ်းရှိပါတယ်။ ပထမဉီးဆုံးအနေနဲ့ စိတ်လက်မာန်ပါမလုပ်ပါနဲ့မင်းကိစ္စနဲ့ ပတ်သက်ပြီး ငါ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မင်းဆန္ဒမရှိရင်လည်းငါတို့နောက်မှဆက်ဆွေးနွေးလဲရတယ် ဟုတ်ပြီလား ..."

ဝန်ကြီးဝမ် က ဟဲကျင့်ကို ဆွဲဆောင်ရန်အတွက် သူ့မျက်နှာတွင်အပြုံးတစ်ခုကိုဆင်မြန်းထားခဲ့သည်။မစ္စတာရွှီ အနားယူသွားတာ တစ်နှစ်သာရှိသေးပြီးတကယ်လို့ဟဲကျင့်သာ ဒီကောလဟာလကြောင့် နုတ်ထွက်သွားခဲ့ရင် တခြားသူတွေကို ရှင်းပြဖို့ ခက်ပါလိမ့်မယ်။

ဝန်ကြီး ဝမ်က ကိစ္စများကို ပိုမိုလွယ်ကူအောင်ကြိုးစားနေသောကြောင့်ဟဲကျင့်သည်လည်းအလွန်ခက် ခဲအောင်မလုပ်ချင်ခဲ့ပါ။ ထို့နောက် သူသည် ကောလဟာလကို ပြန်တွေးလိုက်ကာစဉ်းစားမိသွားလေသည်

"ကျေးဇူးပြုပြီး ဒီကိစ္စကို နောက်ထပ် စုံစမ်းစစ် ဆေးမှုတွေ လုပ်ပေးပါ။ ဒီကုမ္ပဏီမှာ နှစ်အနည်း
ငယ်ကြာအောင် ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ဝယ်ထားတဲ့ ပစ္စည်းအားလုံးအတွက်၊ ခွင့်ပြုချက်စာရွက်စာတမ်းတွေကို copy  သိမ်းထားတာတွေရှိတယ်အဲ့ဒါတွေကို စုံစမ်းစစ်ဆေးရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လျှို့ဝှက်ဆက်သွယ်မှုနဲ့ပတ်သက်ပြီးတော့ သူတို့နဲ့ သေချာအကွာအဝေးကို အမြဲထားခဲ့တာပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို သတင်းပို့မယ်ဆိုရင်တောင် သက်သေမရှိဘဲနဲ့ကျွန် တော်လက်မခံနိုင်ပါဘူး။ပြီးတော့ ကျွန်တော့်ဆီကိုခြိမ်းခြောက်စာပို့တာလဲရှိတယ်။တကယ်လို့ ဒီကုမ္ပဏီကကျွန်တော်အပြစ်ကင်းတာကိုသက်သေမပြပေးနိုင်ဘူးဆိုရင်တော့ တခြားတစ်ယောက်ကိုစုံစမ်းဖို့ပါခိုင်းရပါလိမ့်မယ်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now