009: ထွက်ပြေးရန်

1.1K 210 15
                                    

Unicode

ဟဲကျင့်သည် အချိန်အတော်ကြာ မကစားခဲ့သော ကြောင့် သူသည် အနည်းငယ် တော့ စိတ်လှုပ်ရှားနေလေသည်။
သူ စီးတော် သားရဲစီမှ ဆင်းတော့မည့် အချိန်မှာပင် မီး က ခန လေး ဟု ဆို ကာ တားလာလေသည်။

နတ်သမိးလေးကျင့်: "အာ?"

နှလုံးသားမဲ့ မီး : "မင်း အဆင့် တက်နေတယ်။"

ဟဲကျင့် ကြည့်လိုက်တော့ အမှန်ပင် သူက အဆင့် 30 ရောက်ဖို့ Exp အမှတ် 500,600 လောက်ပဲ ကွာတော့တာ သိလိုက်ရလေသည်။

အဆင့် 30 ရဲ့ အဆင့်နာမည်က ဘာလဲ? San Xian?

နှလုံးသားမဲ့မီး :" 'Demon God' ကို ပြန်လည်ပြင်ဆင်ပြီးနောက်မှာ အဆင့် 30 ရှိ ဝိညာဉ်မျိုးနွယ်တွေက ရွေးလို့ရတဲ့လမ်း နှစ်ခုရှိတယ် ငါတို့ နောက်ထပ် တာဝန် အနည်းငယ် လုပ်ပြီးရင် မင်းရဲ့ လိုနေတဲ့ Exp အမှတ်ပြည့်သွားလိမ့်မယ် အဲ့ကျရင် ဒုတိယအသစ် ထည့်သွင်းထားတဲ့ လမ်း ကို ရွေးဖို့ မမေ့နဲ့နော်"

[T/N သူဂျင်းထည့်နေပြီ🤧]

"ကျွမ်းကျင်သူ" က အဆိုပြုတာကြောင့်ဟဲကျင့် သည် သူ့အား သံသယမရှိခဲ့သည့်အပြင် တစ်ဖက်လူကို အပြစ်ရှိစိတ်လေးကလဲ ရှိနေတာကြောင့် "ကောင်းပြီ" ဟုပြန်ဖြေခဲ့သည်။ ထို့နောက် ချဲ့ချောင်တံတား သို့ ပြေးကြတော့သည်။

ချဲ့ချောင်တံတား က အရမ်းရှည်လေသည်။ ဟဲကျင့် သည် Vega ၏ရှေ့တွင်ရပ်နေချိန်တွင် မီး သည် Cowboy ရှေ့တွင်ရပ်နေခဲ့သည်။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် အသံကြားနိုင်သည့်အကွာအဝေးကို ကျော်လွန်သွားသောကြောင့် စကားပြောနေသော်လည်း အချင်းချင်းကြားနိုင်မည်မဟုတ်ပေ။

ဟဲကျင့် သည် Vega ၏ အချက်ပြ စာသား ဘောက်စ်ပေါ်တွင် ညာဖက်ကလစ်နှိပ်လိုက်သည်။

〖စုံတွဲတွေရဲ့ နှလုံးသားထဲက မေးခွန်းဆယ်ခု- တာဝန်စလုပ်ရန် "စတင်သည်"ကိုနှိပ်ပါ။〗

〖သင်ရဲ့ခင်ပွန်း "နှလုံးသားမဲ့ မီး" အဆင်သင့်ဖြစ်ပါပြီ မေးခွန်းစတင်ပါပြီ〗

မေးခွန်း 1 : နှလုံးသားမဲ့ မီး ကို ဘယ်မှာ ပထမဆုံးတွေ့တာပါလဲ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now