024:မင်းမအေးဘူးလား?

1.1K 207 7
                                    

Unicode

ဟဲကျင့် သည် အော့အန်ခြင်း သို့မဟုတ် သေလောက်အောင် ခေါင်းကိုက်ခြင်းမျိုးလဲ မရှိခဲ့ပေ။ သူ့ပုံစံသည်  မူးနေစဥ်အချိန်နဲ့ ဖျားနေစဉ် အချိန်အတူတူပင်ဖြစ်သည်။ သူ့အသားအရည်တွင် မည်သည့်လက္ခဏာမှ မတွေ့ရပေ။

သို့သော် မနေ့ညက အအေးဒဏ်ကို ခံနိုင်ရည်မရှိခဲ့၍ ယနေ့နံနက် အိပ်ရာနိုးသောအခါ အနည်းငယ် မူးဝေရုံပင်။ ဒါဟာ ဘာမှကြီးကြီးမားမားမဟုတ်ပေမယ့် အခုအချိန်မှာ ဟဲကျင့်  ပြင်းပြင်းထန်ထန်ခံစာနေရတာကတော့ သူအရက်မူးခြင်းမှရလာတဲ့ မူးဝေတဲ့ခံစားချက်ကို အနည်းငယ် စွဲလမ်းသွားတယ်ဆိုတဲ့အချက်ပင်။ တခါတလေ  အပြင်ထွက်ပြီး သောက်လည်း အဆင်ပြေမယ် ထင်တယ်  ...

***

ထိုညတွင်  ဟဲကျင့် သည် သူ၏ကတိအတိုင်း ဟောပြောပွဲကို ဆက်လက်လုပ်ဆောင်ဖို့ ရှိသဖြင့် ထုန်ရွှမ် ၏ အကြံဉာဏ်အတိုင်း ဟောပြောပွဲခန်းမသို့ ကြိုတင်သွားခဲ့သည်။ သူ ရောက်သွားသော် ကောင်မလေးတွေ အများကြီးလာကြည့်တာကို တွေ့လိုက်ရပေမယ့် ဟဲကျင့်ကတော့ မစိုးရိမ်ပေ။

သူ့အတွက် ဤအခါသမယသည် မီး ကို "ယောကျာ်း" ဟု ခေါ်ရမည့်အချိန်ထက် ပို၍လွယ်ကူသည်။

မကြာခင်မှာပဲ ကုံးယုံ နဲ့ နိုင်ငံခြားဘာသာ ကလပ် မှ အဖွဲ့ဝင်အချို့ရောက်လာပြီး ချင်ယွီ ကသူ့ကို ကျောင်းဆေးရုံသို့ မင်းသမီး စတိုင်ချီသွားသည့် အကြောင်းကို စပ်စုရန် သူ့ကို ဆွဲခေါ်ကြတော့သည်။

"မင်း တို့က အရမ်းချဲ့ကားလွန်းတာပဲ..."

ဟဲကျင့် သည် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မချေပနိုင်ဘဲ ပြောလိုက်သည်။

ကုံးယုံ က စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောလာသည်။

"အဲ့ဒီနေ့တုန်း က မြင်တဲ့သူတွေက အရမ်းတုန်လှုပ်သွားကြတာ! တော်တော်များများက ကျောင်း idol က အဲဒီ "ဌာန" ကို စိတ်ဝင်စားနေတယ်လို့  မှန်းဆထားပေမယ့် သူက ရှင့် ကို သယ်ပြီး အိပ်ဆောင်ကနေ တိုက်ရိုက်ပြေးသွားမယ်လို့ မထင်ထားဘူး!ရှင်တို့  ဘာတွေလုပ်ခဲ့တာလဲ!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now