039:သဘာဝသားရိုင်း

844 159 1
                                    

Unicode

ဤဖရိုဖရဲအခြေအနေတွင်တစ်ချိန်က "စပါးပိုး" ဟဲကျင့် သည် မီး ၏လည်ပင်းတွင် ဆက်လက်ရစ်ပတ်၍မနေနိုင်တော့ပေ။သူ ခုန်ဆင်းပြီး သူ့ရှေ့ခြေသည်းကို ဆန့်တန်း၍ Night Bamboo တစ်ကောင်၏ မျက်လုံးများကို တည့်တည့် လှမ်းထိုးကာ ကုတ်ခြစ်ပစ်လိုက်သည် ။

ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းကိုအခြေခံထားသော နတ်အိမ်မွေးတိရိစ္တာန်အနေဖြင့် ဟဲကျင့် သည် လွင့်မျောတိမ်တိုက်ကဲ့သို့စာလုံးအချို့ကိုရွတ်ဆိုရန်မလိုအပ်ဘဲသူရည်ရွယ်ထားသည့်ပုံစံကိုတိုက်ရိုက်စဉ်းစားရမည်ဖြစ်ပြီး ၎င်းနှင့်သက်ဆိုင်သည့်လုပ်ဆောင်ချက်ကိုပြီးမြောက်စေရန်စနစ်ကပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

အဆင့် ကိုး နတ် အိမ်မွေးတိရစ္ဆာန်၏ တိုက်ခိုက်နိုင်စွမ်းသည် ထူးကဲလှသည်။တစ်ကြိမ် ကုတ်လိုက်ရုံဖြင့် အင်းဆက်၏ သွေးဘားသည် သုံးပုံတစ်ပုံ ကျဆင်းသွားသည် ။

အဆင့်-၉၀ Dungeon ရှိ အင်းဆက်ပိုးမွှားများသည် ပျော့ညံ့သူများမဟုတ်ပေ။ Night Bamboo သည် ပါးစပ်ကိုဖွင့်လိုက်ပြီး ဟဲကျင့် ၏ ဦးတည်ရာသို့ မီးတောက်များကို ပစ်လွှတ်ရန် ကြံရွယ်လေသည်။

ဖာရက်တစ်ကောင်အနေဖြင့် ဟဲကျင့် သည် တိုက်ခိုက်ရန်နည်းလမ်းများမှာ အကန့်အသတ်ရှိသော်လည်း သူ၏ထူးခြားချက်တစ်ခုမှာ အထူးသဖြင့် လျင်မြန်စွာ ရှောင်တိမ်းနိုင်စွမ်းရှိသည်။အမြှီးတစ်ချက်လှုပ်ရုံဖြင့် ပင  ပိုးကောင်နောက်သို့ အလျင်အမြန် ပြေးသွားကာ ကုတ်ခြစ်လိုက်သည်။ Night Bamboo ရဲ့ သွေးဘားက နောက်ထပ် သုံးပုံတစ်ပုံ ထပ်ကျသွားပြီ!

Night Bamboo သည် တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်ကာ လှည့်လိုက်သော်လည်း ဟဲကျင့် သည် ၎င်းထက် မြန်နေသေးပြီး ၎င်း၏ ကုတ်ခြစ်တိုက်ခိုက်မှုကို တတိယအကြိမ်မြောက် ပြုလုပ်ခဲ့ကာ  အင်းဆက်မှာဗိုက်ပေါက်၍ သေဆုံးခဲ့သည်။

Night Bamboo ကို အောင်မြင်စွာ သတ်လိုက်ပြီးနောက် ဟဲကျင့် သည် အလွန်စိတ်လှုပ်ရှားနေလေသည်။ သူသည် အခြားအင်းဆက်ဆီသို့ ချက်ချင်းပြေးသွားကာ ၃ ချက်ဖြင့်ထပ်မံသတ်ပစ်လိုက်သည်။သူကပြေးပြီးရင်းပြေးကာ တွေ့သမျှ အင်းစက်တွေကို သုံးချက်ထဲနဲ့ အပြီးသတ်ခဲ့သည်မှာ မြေပြင်ပေါ်မှာ အင်းစက်တွေရဲ့ အပိုင်းအစတွေနဲ့ ပြည့်နှက်လာတဲ့အထိပဲ!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang