012: ပိတ်ရက်အပြင်လျှောက်လည်မယ်

1.1K 194 5
                                    

Unicode

ထုန်ရွှမ် က ဆက်ဆံရေးဌာနအကြောင်းပြောနေတာကို နားထောင်ရင်း ကုံးယုံလင်း က ရုတ်တရက် "အာ" ဟု အသံထွက်လာပြီး အိတ်ကပ်ထဲက လက်မှတ်တွေကို ယူလိုက်သည်။

ဆက်ဆံရေးဌာနက လူတွေက သူမကို ပေးခဲ့တဲ့ရေကန် ကူပွန်ဖြစ်ပြီး ပိတ်ရက်တွေမှာ သူ့သူငယ်ချင်းတွေနဲ့ အတူတူ ဆော့ကစားဖို့ စီစဉ်ခဲ့တာဖြစ်သည်။ ယခု သူမသည် ထုန်ရွှမ်ကို ပါသူမနှင့်ပူးပေါင်းရန် တောင်းဆိုလိုက်သည်။

ထုန်ရွှမ် : "ဆက်ဆံရေးဌာနကလူတွေ... ပိုက်ဆံနည်းနည်းလောက်ထုတ်ဖို့တောင် မတတ်နိုင်ကြဘူး"

ခေါင်းစဉ်အပြောင်းအလဲကိုမြင်တော့ ဟဲကျင့်  က မြန်မြန်ပြန်ပြောတော့သည်။

" ဟောပြောပွဲအတွက် ငါပြင်ဆင်ထားပေမယ် ဒါပေမယ့် ဒီတစ်ကြိမ်ပဲ  နောက်တစ်ကြိမ်ဆိုရင်တော့..."

သူ့စကားမပြီးသေးခင်မှာပင် ကုံးယုံလင်း က ထပ်ခါတလဲလဲ အာမခံလာသည်။

"နောက်တစ်ကြိမ်တော့ ရှိတော့မှာ မဟုတ်တာ သေချာပါတယ်။ စီနီယာ ~ ကျေးဇူးပြုပြီး"

ထုန်ရွှမ်: "ဒါ ငါ့အမှားပါ နင်လာမယ်ဆိုပြီး သူတို့ကို အာမခံလိုက်တာ ဒီတစ်ခါတော့ နင့်ကိုအကြွေးတင်သွားပြီ"

ဟဲကျင့် သည် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ထွက်သွားဖို့ပြင်လိုက်ပြီး ပြောလိုက်သည်။

"နောက်တစ်ခါဆို  ငါ တကယ်ဒါကို မလုပ်တော့ဘူး"

သူနောက်ပြောင်နေသလိုမျိုး သူ့လေသံက ဂရုမစိုက်သလို ပြောနေပေမယ့် သူပြောသမျှ အမှန်တွေချည်းပါပဲ။

စာသင်နှစ်၏ ဒုတိယနှစ်ဝက်သာရှိသေးသော်လည်း ဘွဲ့ရပြီးပါက မည်သည့်နေရာတွင် အလုပ်သွားလုပ်မည်ရကို သူ့အတွက် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် "ကိုယ်ရေးရာဇဝင်ကောင်း" အတွက် သူအဘယ်ကြောင့်စိုးရိမ်နေရပါမည်နည်း?"

တက္ကသိုလ်ကျောင်းသားသမဂ္ဂသည် အမှန်တကယ်တွင် ဗျူရိုကရေစီကျင့်ဝတ်များ, ရန်ပွဲများ,အခွင့်အရေးများနှင့် အကျိုးစီးပွားများ၏ ပြိုင်ဆိုင်မှုများစသည့် လူ့အဖွဲ့အစည်း၏ သေးငယ်သောရုပ်ပုံလွှာ အဖြစ်ကိုယ်စားပြုခြင်းသာ ဖြစ်ပြီး သူထိုအရာများကို ဘယ်သောအခါကမှ မကြိုက်ခဲ့ပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now