160: အချပ်ပို ၅

481 102 4
                                    

Unicode

ဖက်ထုပ်လေးရဲ့  ဉာဏ်ရည်အဆင့် သည် ဟဲကျင့်နဲ့ချင်ယွီတို့၏ မျှော်မှန်းချက်ထက် များစွာကျော်လွန်သွားခဲ့သည်။ အခြေ အနေကို စောင့်ကြည့်စစ်ဆေးခြင်းအပြင် သင်ယူနိုင်စွမ်းသည်လည်း အလွန်မြင့်မားသည်။

ကံကောင်းထောက်မစွာဖြင့်သူ့ရဲ့လုပ်ဆောင်ချက်က သူတို့နေထိုင်ရာနေရာတွင် ကန့်သတ်ချက်ရှိနေခဲ့လေသည်။ထို့သို့မှမဟုတ်ရင်ဒီအရာလေးက သူနဲ့ချင်ယွီထက်ကိုပိုသာသွားနိုင်တယ်!

တစ်လကြာပြီးနောက်ဖက်ထုပ်လေး နှင့် ဗားရှင်းတူသော မီးအိမ်လေးကိုလည်း ဖန်တီးခဲ့သည်။ အဆိုပါ အထူး စိတ်ကြိုက် ပုံသဏ္ဍာန် ကလေးများ တစ်ခုစီ သည် ယွမ် နှစ်သန်းကျော် ကုန်ကျခဲ့သည်။ ဟဲကျင့်ကဈေးကအလွန်များသဖြင့်သာမာန်လူမတတ်နိုင်ဘူးလို့ဆိုခဲ့လေသည်။

ချင်ယွီ: "လွင့်မျောတိမ်တိုက်ရဲ့ စီးပွားရေးက တဟုန်ထိုးတိုးတက်နေတာ သူကဒီလောက်ငွေပမာဏကိုဂရုကိုမစိုက်နေဘူး"

"အဲဒါကြောင့် 'သာမန်လူတွေ' မတတ်နိုင်ဘူးလို့ပြောလိုက်တာ။" 

ဟဲကျင့် သည် သူ၏အဓိကအချက်ကို မီးမောင်းထိုးပြခဲ့သည်။

ချင်ယွီကထပ်ပြီးပြောလာခဲ့သည်။

"ယွမ် 2 သန်းဆိုတာက သင့်တော်တဲ့ဈေးနှုန်းပါပဲ။ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရင် ဘယ် လောက်လောက်ကုန်ကျမလဲဆိုတာ တွက်ကြည့်ရအောင်။ယွမ် 2 သန်းဆိုတာ ကျောင်းမတက်ခင်ကုန်သွားမှာတောင် ငါစိုးရိမ်ပါရဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ ဉာဏ်ရည်မြင့်ကလေးရှိနေရင် မင်းလျှပ်စစ်ဘေပဲဆောင်စရာလိုမှာလေ။အသက်အတွက် firmware update ကိုတောင် free ပေးထားတာကို!"

ဟဲကျင့်: "ဒါပေမယ့်ကလေးကကျ ကြီးလာပြီးတော့ မျိုးဆက်လည်းပြန့်ပွားနိုင်တယ်‌လေ ဖက်ထုပ်လေးကတော့ အိမ်မွေးတိရိစ္ဆာန်လို ခွေးလေးလို ကြောင်လေးလိုပဲကို"

"သားဖွားခြင်းက ငါတို့အတွက် တကယ်ကြီးအရေးကြီးလို့လား? ဒါက လူသားတွေအတွက် လိုအပ် ပေမယ့် မင်းရဲ့ အယူအဆက ငါ့အတွက်တော့ ရှေးရိုးဆန်လွန်လွန်းနေသေးတယ်။"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now