095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား

788 168 6
                                    

Unicode

မီး က သူ့ကိုပြောပြပြီးနောက် ဟဲကျင့် ရဲ့ခေါင်းက ပေါက်ကွဲလုနီးပါးဖြစ်သွားရကာ သူမျှော်လင့်ထားတဲ့အရာက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ...

တကယ်တော့ဂိမ်းထဲမှာ သူတို့ရင်သွေးလေးမွေးပြီးကတည်းက ဟဲကျင့် ဟာ သူတို့ရဲ့ဆက်ဆံရေးကပြောင်းလဲသွားတယ်ဆိုတာကို သိသိသာသာခံစားခဲ့ရပါတယ်။ဂိမ်းကနေလက်တွေ့ဘဝထိနယ်ချဲ့လာပြီး အွန်လိုင်းချစ်ခြင်းမှ အော့ဖ်လိုင်းချစ်ခြင်းမေတ္တာအထိ ဖြစ်လာခဲ့တယ်လေ။ ညဘက်တွေမှာလည်း တစ်ယောက်ကိုတစ်ယောက် အဖော်လုပ်ပေးခဲ့ကြတယ်။ခက်ခဲတဲ့အခြေအနေတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်လာကြတယ်။ ပိုက်ဆံ
ကိစ္စတွေပါပတ်သက်ခဲ့တာအမှန်ပဲ။ သူတို့က ဘောင်တွေစည်းတွေကိုဖြတ်ကျော်သွားခဲ့တယ်။ ပြီးတော့ ဟဲကျင့် လည်း ပျော်နေတယ်။ သူသည် မီး ကို ချစ်မြတ်နိုးသော်လည်း လက်တွေ့တွင် ထိုကဲ့သို့ ဆက်ဆံရေးမျိုးကိုမတည်ဆောက်ဝံ့သေးသော ကြောင့် ဘာမှမမြင်ချင်ဟန်ဆောင်နေခြင်းသာဖြစ်သည်။ မီး ထံမှ နွေးထွေးမှုကို တစ်ကိုယ်ကောင်းဆန်စွာဖြင့်ခံယူကာ နှစ်သက်ခဲ့လေရဲ့။

ဟဲကျင့် သည် တစ်နေ့တွင် ဤဆက်ဆံရေးက သိသိသာသာ ပြောင်းလဲလာမည်ကို ရှင်းရှင်းလင်းလင်းသိသည်။ ပြီး​တော့ ကိစ္စ​တွေက ထိန်းမနိုင်​သိမ်းမနိုင်​ဖြစ်​သွား​တော့သည်​။ ဒါပေမယ့် သိပ်မကြာလိုက်ပဲ ဒီလိုပြောင်းလဲမှုမျိုး ဖြစ်လာဖို့ သူ မမျှော်လင့်ထားခဲ့မိတာတော့အမှန်ပင်။

ဟဲကျင့်အချိန်ကြာကြီးပြန်မဖြေပဲနေခဲ့တဲ့အတွက် မီးကနောက်ဆုံးမှာမေးလာတော့သည်။

"ငါမင်းကိုခက်ခဲအောင်လုပ်မိနေတာလား?"

ဟဲကျင့် က သူ့ကို ကြည့်ပြီး အရင်ကလို အေးအေးဆေးဆေး မနေနိုင်တော့ဘဲ

"ငါတို့အရင်က ...ဂိမ်းက ဂိမ်းပဲ လို့ပြောခဲ့တယ်မ
ဟုတ်ဘူးလား..."

လို့ ခက်ခက်ခဲခဲ ပြောလိုက်သည်။

ပြီးတော့ သူတကယ်ဆိုလိုရင်းကို မပြောဘဲ ဒီစကားလုံးတွေကို ညှစ်ထုတ်လုနီးပါးပြောထွက်အောင်လုပ်ခဲ့ရလေ၏။ မီး နဲ့လည်း ဒီဆက်ဆံရေးကိုတည် ဆောက်ချင်ပြီး ဒီလူအကြောင်းကိုလည်းပိုသိချင်သည်။ပြီးတော့တူညီတဲ့အသံရှိတဲ့လူတစ်ယောက်ရဲ့လွှမ်းမိုးတာကိုလည်းသူမခံချင်ပါ...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now