101:ငါကမီးပါ

912 184 4
                                    

Unicode

အဆင်မပြေတဲ့ တိတ်ဆိတ်မှုကို ချေဖျက်ဖို့ တစ်ခုခုပြောဖို့ လိုအပ်နေပါလျက်။ ဒါပေမယ့် ဟဲကျင့်က သူ့ကို စိုက်ကြည့်ရုံသာကြည့်နေသည်မှာ သူ့ကို အသံကျယ်ကျယ်နဲ့ မေးတာထက် ပိုတောင် နာကျင် ရလေသည်။ချင်ယွီသည် သူ့နှလုံးသားလေးကိုက် ခဲနေသည်ကိုသာခံစားနေရကာ သူဘာပြန်ပြောရ
မှန်းကို မသိတော့ပါချေ။

ဂိမ်းထဲမှာ သူက အားကျင့် ကို သဘောကျတယ်လို့ ပြောထားပြီးသားဆိုတော့ လက်တွေ့ဘဝမှာပါပြောလိုက်ရင်ရော?အဲဒီလိုလုပ်ရင် သူတို့ရဲ့ ခင်မင်ရင်းနှီးမှုက ဆုံးခန်းတိုင်သွားလိမ့်မယ်လို့ သူကမှန်းဆမိပါ၏။ဒါပေမယ့်လည်းသူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲသူ့အသံကိုသူမပိုင်ဆိုင်တော့သလို ခံစားလာရပြီးဟဲကျင့်ကိုတိုက်ရိုက်ပြောလိုက်တော့သည်။

"ဟဲကျင့် ငါမင်းကို သဘောကျတယ်"

ဒါပေမယ့် ဒီစကားက ဟဲကျင့်နှလုံးသားကို တူနဲ့ထုလိုက်သလိုဖြစ်သွားရတယ်။သူ့ရဲ့တည်ငြိမ်နေတဲ့
စိတ်တွေလှိုင်းထသွားရုံသာမကပဲသူ့ကိုပိုပြီးတော့ဒေါသထွက်သွားစေတယ်လေ!

- ဟုတ်တာပေါ့ မင်းကမီးလို ဒါမှမဟုတ် ချင်ယွီ လိုမျိုးမင်းငါ့ကိုကြိုက်တာပြောလို့ရတာပေါ့ ဒါပေမယ့် ငါ့ခံစားချက်တွေကိုရောမင်းစဉ်းစားဖူးလား? ငါက မတူတဲ့လူနှစ်ယောက်နဲ့ရင်ဆိုင်နေရတယ်လို့မင်း
တွေးဖူးလား?မနေ့ညကသာငါအိပ်မပျော်ခဲ့ရင်ဘယ်လိုလုပ်မလဲ?အဲ့ဒီစာတွေကိုသာမဖတ်မိရင်ဘယ်လိုလုပ်မလဲ?အဲ့လိုသာဆိုငါကမင်းကိုမတူတဲ့လူနှစ်ယောက်အဖြစ်ပဲဆက်ပြီးမြင်နေမှာလေ။ပြီးတော့အခုလေးတင်မင်းငါ့ကိုပြောလိုက်တဲ့ဟာက စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမူပဲကွ!

ဟဲကျင့် ၏ ပုခုံးများသည် ခံစားချက်လွန်ကဲလွန်းသဖြင့်တုန်ရီနေလေသည်။ သူက ချင်ယွီကိုကြည့် လိုက်ပြီး လက်စားချေတဲ့အနေနဲ့ပြန်ပြောလိုက်
သည်။

"ငါက တခြားတစ်ယောက်ကိုချစ်မိနေပြီးသား!"

ချင်ယွီရဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားရတော့သည်။ သူကဟဲကျင့်ရဲ့ မုန်းတာနဲ့ ရှောင်ဖယ်သွားတာကိုခံယူဖို့အတွက်အသင့်ဖြစ်ခဲ့ပြီး ငါကgayမဟုတ်ဘူးဆိုပြီးပြန်ဖြေလာမှာကိုတောင် မျှော်လင့်ထားခဲ့ပေမယ့် ဒီလိုမျိုးအဖြေပေးလာလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားဘူး!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now